What's wrong with WhatsApp?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.7.2020 | WhatsApp တွင် ဘာတွေဖြစ်နေသလဲ? 

ဒီအရာဟာ ဘာလို့လုပ်ကြံဇာတ်လမ်းများ၊ သတင်းအမှားများနဲ့ လှည့်ဖျားမှုများဖြစ်ပွားရာ နေရာတစ်ခုဖြစ် နေရပါသလဲ?

Encryption များဟာ content များကို စောင့်ကြည့်နိုင်ရန်နဲ့/ စောင့်ကြည့်မှုမပြုနိုင်ရန် မည့်သည့် အခန်းကဏ္ဍမှ ပါဝင်နေပါသလဲ? What’s wrong with WhatsApp ဆိုတဲ့ ဆောင်းပါးတွင်ပါဝင်တဲ့ များစွာသော မေးခွန်းများဟာ လက်ရှိအချိန်ထိဖြေကြားမယ့်သူမရှိသေးပါသော်လည်း တစ်ခါတစ်ရံ တွင် ဒါဟာ နားလည်မှုလွဲမှားခြင်းတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ WhatsApp ဟာ သတင်းအချက် အလက်ဖလှယ်ပြီး ပြောဆိုဆက်သွယ်မှုပြုလုပ်ရန် tool တစ်ခုမျှသာဖြစ်ပြီး e-mail များထက် လုပ်ဆောင်ချက်အနည်းငယ်သာ သာတဲ့အရာဖြစ်ပါတယ်။ အဆုံးသတ်တွင် ဒီ encryption ဟာ Facebook မှ “Closed Groups“ များအတွင်း ဘာတွေဖြစ်ပွားနေသလဲဆိုတာကိုစောင့်ကြည့်ခြင်း ကိုတောင်မှ မတားဆီးနိုင်ပါဘူး။ Facebook ဟာ encryption key များကိုပိုင်ဆိုင်ထားပြီး သူတို့ရဲ့ application ဟာ ဘယ်သူမဆိုပေးပို့လိုက်တဲ့ အရာတိုင်းကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒါပေ မယ့် ထိုဆောင်းပါးကိုဖတ်ရှုရခြင်းဟာ ရှည်လျှားပြီး လွန်စွာကောင်းတဲ့အရာများပါဝင်နေပါတယ်။ 

WhatsApp ကို ၂၀၁၄ ခုနှစ်တွင် Facebook မှ ဒေါ်လာ ၁၉ဘီလျံဖြင့် ဝယ်ယူပြီးနောက်တွင် ဒီအရာ က သမိုင်းတလျှောက် ဈေးအကြီးဆုံးနည်းပညာဝယ်ယူမှုတစ်ရပ်ဖြစ်လာပါတယ်။ ဒီအချိန်မှာ WhatsApp ဟာ သူတို့ရဲ့ app ကို အသုံးပြုနေသူပေါင်း သန်း ၄၅၀ ခန့်ကိုပါဆောင်ကြဉ်းလာခဲ့ပါ တယ်။ ဒီနှစ်ဖေဖော်ဝါရီလတွင် ၎င်းဟာ ကမ္ဘာတစ်လွှားအသုံးပြုသူပေါင်း ၂ဘီလျံရှိခဲ့ပြီဖြစ်ကာ ဒါ က ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown များ မပြုလုပ်မှီအချိန်ကဖြစ်ပြီး ဒီအရာဟာ သူတို့ကို လက်ရှိအချိန်အထိ လူသုံးအများဆုံး messenger app တစ်ခုဖြစ်လာစေပြီး Facebook ပြီးလျှင် ဒုတိယလူသုံးအများဆုံး app တစ်ခုလည်းဖြစ်လာစေပါတယ်။ များစွာသောနိုင်ငံများတွင် ယခုအခါ ဒီအရာကပုံမှန်အသုံးပြုနေကျ digital communication နဲ့ social coordination ဆိုင်ရာနည်းလမ်း ဖြစ်လာပြီး အထူးသဖြင့် လူငယ်များအကြားတွင် ခေတ်စားနေလျှက်ရှိပါတယ်။ 
 

(Unicode)



 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။