What things to do when bored on the Internet?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.4.2020 | အင်တာနက်အသုံးပြုရသည်မှာ ပျင်းရိလာသောအခါ မည်သည့်အရာများအားလုပ်ဆောင်နိုင်သလဲ

အင်တာနက်နှင့်ပတ်သက်လာလျှင် သင်လုပ်ဆောင်နိုင်သောအရာများမှာ အတိုင်းအဆမဲ့ရှိနေတဲ့ အတွက်ငြီးငွေ့သွားစရာအကြောင်းကိုမရှိပါဘူး။

အွန်လိုင်းစတိုးများနှင့် လေလံပွဲများသို့ ဝင်ရောက်ကြည့်ရှုပါ။

အင်တာနက်ရှော့ပင်ဆိုသည်မှာ အင်တာနက်ပေါ်တွင်ပြုလုပ်နိုင်သောအရာများထဲမှ လူကြိုက်များပြီး ပျော်စရာကောင်းတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အောက်ပါအချက်အလက်များ ကတော့ လူသိများထင်ရှားတဲ့ အွန်လိုင်းစတိုးများ၊ လေလံပွဲ Website များနှင့် အခြားသော လက်လီအရောင်းစာမျက်နှာများပဲဖြစ်ပါတယ်။

Giveaway of the Day – နေ့တိုင်းနေ့တိုင်း တစ်ခုခုကို အမြဲ အလကားပေးနေတဲ့ အလွန်ကောင်းတဲ့ Website တစ်ခုဖြစ်ပါတယ်။

Woot – နေ့တိုင်းရဲ့ best deal of the day တွေကို စာရင်းပြုလုပ်ပေးထားတဲ့ Website တစ်ခုဖြစ်ပါ တယ်။

FindGift – လူတိုင်း၊ ဒါမှမဟုတ် ဘယ်လိုအခြေအနေမျိုးအတွက်မဆို မတူထူးခြားတဲ့လက်ဆောင် တွေပေးရန် အကြံအစည်တွေရနိုင်တဲ့ အလွန်ကောင်းမွန်တဲ့ Website တစ်ခုဖြစ်ပါတယ်။

CamelCamelCamel – Amazon, Newegg နှင့် Bestbuy အစရှိတဲ့ နေရာတွေက ဈေးနှုန်းတွေကို ဇယားကွက်တွေနဲ့ပြပြီး အရင်က price history တွေကိုပါပြသပေးနိုင်တဲ့ Website နဲ့ ဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်။

eBay – အင်တာနက်ပေါ်ရှိ လူသိများအထင်ရှားဆုံး လေလံတင်ပွဲ Website တစ်ခုဖြစ်ပါတယ်။ အသုံးပြုသူများသည် သူတို့ရောင်းချင်တဲ့ဘယ်အရာကိုမဆို တစ်ကမ္ဘာလုံးရှိ မီလီယံနဲ့ချီတဲ့ အခြား အသုံးပြုသူတွေဆီကို ရောင်းချနိုင်ပါတယ်။

Amazon – စာအုပ်တွေ၊ DVD တွေ၊ ဂိမ်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ အရုပ်တွေ၊ အဝတ်အထည်တွေနဲ့ အခြားသောအရာတွေကို ရောင်းချပေးနေတဲ့ အင်တာနက်ပေါ်ရှိ အကြီးဆုံးလက်လီ အရောင်း Website တစ်ခုဖြစ်ပါတယ်။

RetailMeNot – လက်လီအရောင်းဆိုင်ကြီးတွေနဲ့ အွန်လိုင်းစတိုးဆိုင်တွေရဲ့ ကူပွန်တွေကို စာရင်းပြုစုပေးထားတဲ့ Website တစ်ခုဖြစ်ပါတယ်။

Google shopping – အရင်တုန်းက Froogle လို့ခေါ်ကြပါတယ်။ Google Shopping ဟာ အသုံးပြုသူတွေကို မီလီယံနဲ့ချီတဲ့ အွန်လိုင်းစတိုး ဆိုင်အမျိုးမျိုးရှိ ရောင်းချတဲ့ အရာတွေအားလုံး နီးပါးကို အကောင်းဆုံး၊ အသက်သာဆုံးဈေးနှုန်းတွေ ကိုရှာဖွေနိုငဖို့အတွက် Google မှ ပြုလုပ်ပေးထားတဲ့ အခမဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

iTunes – Apple iPod အတွက် သီချင်းများ Download ရယူရန်အတွက် လူသိများထင်ရှားတဲ့ Website များထဲမှတစ်ခုဖြစ်ပါတယ်။

 

Unicode













 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။