What is DNS and how does it work?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.5.2020 | DNS ဆိုသည်မှာ အဘယ်နည်းနှင့် ထိုအရာက မည်သို့အလုပ်လုပ်ပါသလဲ?

သင်အင်တာနက်သုံးစွဲနေစဉ်တွင် DNS ဟူသည့်အတိုကောက်စာလုံးအားတွေ့ကြုံဖူးကာ ထိုအရာက ဘာကိုဆိုလိုမှန်းမသိဖြစ်ဖူးပါသလား?

သင့်ရဲ့နည်းပညာဆိုင်ရာအသိပညာပြည့်စုံသွားစေရန်အတွက် ရိုးရှင်းသော ရှင်းလင်းဖော်ပြမှုကိုဖတ်ရှုပြီး အဆိုပါအတိုကောက်စာလုံးသည် အဘယ်ကြောင့် internet အတွက်အရေးကြီးသောစာလုံးဖြစ်ရသလဲဆိုတာကိုလေ့လာဖတ်ရှုကြည့်လိုက်ပါ။

ကိန်းဂဏန်းများမှ domain များအထိ

DNS ဆိုသည်မှာ Domain Name System ကိုကိုယ်စားပြုပြီး website တစ်ခု၏ domain အမည်များကို စက်ပစ္စည်းတို့မှ အသုံးပြုသော ရှုပ်ထွေးနေသည့် (ကိန်းဂဏန်းများ) ပုံစံမှ "Domain တစ်ခု၏အမည်" - သင့်ရဲ့ web browser တွင် သင်တွေ့မြင်ရပြီး page တစ်ခုအတွင်းသို့သင်ဝင်ရောက်ရန်အတွက်အသုံးပြုသောအရာ အဖြစ်ပြောင်းလဲပေးသော လုပ်ငန်းစဉ်အားကိုယ်စားပြုပါသည်။

DNS သည် layman ၏အဆိုပြုချက်နှင့် အလွန်တူညီစွာအလုပ်လုပ်ပါသည်။ DNS server ၏တာဝန်မှာ အသုံးပြုသူမှ ရိုက်နှိပ်ထည့်သွင်းလိုက်သော domain ၏ အမည်အပေါ်မူတည်၍ အဆိုပါအမည်ဖြင့်ဖုံးကွယ်ထားသည့် numeric address (IP address) အားရှာဖွေဖော်ထုတ်ကာ အဆိုပါ website သို့ခေါ်ဆိုချိတ်ဆက်ပေးဖို့ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သွားရောက်လိုသော page ဆီသို့ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

DNS လောကရှိ အစဉ်လိုက်အဆင့်သတ်မှတ်ကြီးစိုးမှုများ

IP address များကို နည်းလမ်းနှစ်မျိုးဖြင့် ဖော်ပြကြပါသည်။ အစက်များဖြင့်ခွဲခြားဖော်ပြထားသည့်နံပါတ်များပါဝင်သောနည်းလမ်းဟောင်းဖြစ်သည့် 32-bit ရေးသားဖော်ပြချက် (IPv4) နှင့် IPv6 တွင်မူ နံပါတ်များနှင့် အက္ခရာများကို ကော်လံများဖြင့် ခွဲခြားဖော်ပြထားသည့် နည်းလမ်းအသစ်ဖြစ်ပါသည်။

သို့သော်လည်း မှန်ကန်သော IP Address အားရှာဖွေသတ်မှတ်ပေးရခြင်းသည် DNS လုပ်ငန်းစဉ်အဖို့ ဖုန်းစာအုပ်ထဲမှ နံပါတ်များကို အမည်များတွဲပေးရသကဲ့သို့တော့ မလွယ်ကူလှပါဘူး။ DNS system သည် သစ်ပင်တစ်ပင်ကဲ့သို့ယူဆနိုင်ပြီး အထက်မှအောက်သို့ အစဉ်အလိုက် အဆင့်သတ်မှတ်ကြီးစိုးမှုဆန်ဆန် လုပ်ဆောင်မှုရှိပါသည်။ အကူးအပြောင်းလုပ်ဆောင်ဆဲအချိန်တွင် အဆိုပါလုပ်ငန်းစဉ်သည် ကမ္ဘာတစ်ဝှမ်းရှိ 13ခုသော root server များနှင့်စတင်ခဲ့ပြီး ထိုအရာများမှ အနီးဆုံးတစ်ခုကိုရွေးချယ်နိုင်ပါသည်။ ဆက်လက်ပြီး ထို server မှတစ်ဆင့် ပိုနိမ့်သောအဆင့်ရှိသည့် server များထံသို့ တိကျသောတုန့်ပြန်မှုမရခင်အထိ ဆက်လက်သွားရောက်ခြင်းဖြစ်ပြီး ထိုအရာသည် IP address ဖြစ်ပါသည်။

DNS server အား ကြားခံအဖြစ်‌ဆောင်ရွက်‌စေခြင်း

လုပ်ငန်းစဉ်တစ်ခုလုံးအား ပိုမိုမြန်ဆန်စေရန်အတွက် အထူး DNS ကြားခံ server များကိုဖန်တီးပြုလုပ်ခဲ့ပါသည်။ ထိုအရာများကို သင့်ရဲ့ ISP (သို့) modem မှရရှိနိုင်ပါသည်။ ရောက်ရှိခဲ့ပြီးသော page များ၏ IP address များကို ထိုနေရာတွင်သိမ်းဆည်းထားပါသည်။ ထို့ကြောင့် လုပ်ငန်းစဉ်များသည် ထို ကြားခံ server အား ပထမဆုံးစတင်ကာ မေးမြန်းရှာဖွေမှုပြုလုပ်ပါသည်။

DNS ဟာပိုမိုများပြားသောဖြေရှင်းမှုများကိုပြုလုပ်ပေးပါသည်။

DNS လုပ်ငန်းစဉ်ကို စတင်ဖန်တီးတီထွင်ခဲ့သောအချိန် ၁၉၈၃ ခုနှစ်က အထက်ပါဖော်ပြခဲ့ပြီးသောအရာအတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုအရာသည် website ၏ IP address များကို domain name များအဖြစ် ဘာသာပြန်ဆိုပေးရန်ဖြစ်ပါသည်။ သို့သော်လည်း နောက်ပိုင်းကာလများတွင် အခြားသောလုပ်ဆောင်ချက်များကိုပါ တာဝန်ချပေးခံခဲ့ရပါသည်။ ဉပမာအားဖြင့် e-mail ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် DNS server များဟာ နည်းပညာကွန်ယက်အတွက် ‌database တစ်ခုအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိနေပါသည်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။