What impact can coronavirus have on the telecommunications market?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.4.2020 | ကိုရိုနာဗိုင်းရပ်စ်က Telecommunications ဈေးကွက်အပေါ်ဘယ်လိုသက်ရောက်မှုရှိလာနိုင်မလဲ

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအသစ်နဲ့ဆက်နွယ်ပြီးဖြစ်ပေါ်လာတဲ့အကြီးမားဆုံးပြသနာက နည်းပညာဝန်ဆောင်မှုပေးနေတဲ့မြန်မာကုမ္ပဏီတွေကဝယ်ယူနေတဲ့ hardware နဲ့ထုတ်လှုမှုတွေဆိုင်းငံ့သွားခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ လနှစ်အသစ်ရောက်လာမှုနဲ့အတူဇန်နဝါရီလအကုန်မှာစက်ရုံတွေပိတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်းအခမ်းအနားတွေပြီးတဲ့နောက်မှာစက်ရုံတွေပြန်မဖွင့်နိုင်သေးပဲကုမ္ပဏီအများစုဟာသူတို့တွေရဲ့စက်ရုံသို့မဟုတ်စီးပွားရေးလုပ်ငန်းတွေမှာစတော့ပြသနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်အော်ပရေတာတွေကတစ်ခြားအင်တာနက်လိုင်းမိတဲ့နေရာတွေမှာအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတစ်ချို့ပေးနေတာကိုစတင်ကန့်သတ်လာပါတယ်။အရည်အတွက်အားဖြင့်စတော့တွေပြတ်တောက်မသွားစေရန်တားဆီးကာကွယ်ရန်အတွက်ဖြစ်ပါတယ်။ ဘယ်ကုမ္ပဏီမှစတော့တွေကို (၃)၊ (၄) လကြိုတင်ပြီးလက်ထဲမှာ စုဆောင်းထားနိုင်မည်မဟုတ်ပါ။

ဒါကြောင့်အခြေအနေမတိုးတက်ဘူးဆိုရင်အင်တာနက်ဝန်ဆောင်မှုတွေကိုဆက်ပြီးကန့်သတ်ရမှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲဒီထုတ်ကုန်ပစ္စည်းတွေဈေးနှုန်းတွေလည်းမြင့်တက်လာနိုင်ပါတယ်။ ကုန်ပစ္စည်းတွေရှားပါးလာစဉ်ဝယ်လိုအားမြင့်လာပြီးထုတ်လုပ်မှုကိုအပြည့်အဝပြန်လည်မစမချင်း

ရောင်းသူတွေကပမာဏကိုတိုးမြှင့်မှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ဆက်စပ်တဲ့စည်းမျဉ်းအသစ်တွေကြောင့်အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတပ်ဆင်ခြင်းတွေအပေါ်သက်ရောက်မှုရှိလာပြီးလာမယ့်သတင်းပတ်တွေအတွင်းမှာနည်းပညာရှင်တွေက ရောဂါစောင့်ကြည့်ခံထားရသူတစ်ဦးမှ မရှိတဲ့နေအိမ်တွေကိုပဲသွားကြရတော့မှာဖြစ်ပါတယ်။ သင်ဟာမကြာသေးခင်က ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ရှိတဲ့နေရာတွေက ပြန်လာတာကြောင့်ရောဂါစောင့်ကြည့်ခံနေရသူဖြစ်နေရင် ဒီအကြောင်းကိုသင့်ရဲ့ဝန်ဆောင်မှုကုမ္ပဏီကိုအသိပေးဖို့ကသင့်ရဲ့တာဝန်ဖြစ်ပါတယ်။ ရောဂါစောင့်ကြည့်ခံ ကာလပြီးဆုံးပြီးတဲ့နောက်မှာ အင်တာနက်ဝန်ဆောင်မှုတပ်ဆင်မဲ့နေ့ရက်ကို သင့်အနေဖြင့်စီစဉ်နိုင်ပါတယ်။

ထို့နည်းတူစွာသင်ဟာကုမ္ပဏီနဲ့စာချုပ်ချုပ်ဖို့ရှိတယ်ဆိုရင်စည်းမျဉ်းအသစ်တွေကိုသင်ပြင်ဆင်ထားရမှာပါ။ကုမ္ပဏီအများအပြားက ကဒ်ချည်းသက်သက်ဒါမှမဟုတ်ဘဏ်ကနေငွေလွှဲပေးချေမှုကိုပြောင်းလဲအသုံးပြုလာကြပါတယ်။ ပြည်ပခရီးစဉ်သင်သွားရောက်ခဲ့တာကြောင့်သင်ကရောဂါစောင့်ကြည့်ခံရသူဖြစ်နေမယ်ဆိုရင်အင်တာနက်ဝန်ဆောင်မှုတပ်ဆင်ခြင်းလုပ်ငန်းတွေကိုလုံးဝပြုလုပ်ပေးမည်မဟုတ်ပါ။  ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပျံ့နှံ့နေမှု တစ်ဖြည်းဖြည်းနဲ့ကွယ်ပျောက်ပြီးပုံမှန်အခြေအနေပြန်လည်ရောက်ရှိလာပါစေလို့ ကျွန်တော်တို့မျှော်လင့်နေကြရုံသာ။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။