What can affect broadband speed?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.6.2020 | အင်တာနက် broadband မြန်နှုန်းများကို ဘာတွေကအကျိုးသက်ရောက်မှုရှိစေနိုင်သလဲ? 

သင့် broadband မြန်နှုန်းတိုင်းတာစစ်ဆေးမှုရဲ့ တိကျမှုနဲ့ သင့်ရဲ့ broadband မြန်နှုန်းကိုထိခိုက်မှုရှိ စေနိုင်တဲ့ အချက်များမှာ - 

Downloads – မြန်နှုန်းတိုင်းတာစစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း သင့်ရဲ့ကွန်ပြူတာပေါ်မှာ ဘာကိုမှ download မပြုလုပ်ထားဖို့အရေးကြီးပါတယ်။ ထိုသို့ပြုလုပ်ခြင်းဟာ စစ်ဆေးမှုပြုလုပ်ရာတွင် ထွက်ပေါ်လာမည့် ပျမ်းမျှမြန်နှုန်းပမာဏအပေါ်ထိခိုက်မှုရှိစေနိုင်ပါတယ်။ 

Wireless router များ - Wireless broadband data ဟာ လေထုထဲမှတစ်ဆင့်ဖြတ်သန်းဖို့လိုအပ် ပါတယ်။ ထူထဲသောနံရံများဟာ သင့်ရဲ့ broadband speed အပေါ်သိသိသာသာ အကျိုးသက် ရောက်မှုရှိပါတယ်၊ ဘာလို့လဲဆိုတော့ signal များဟာ နံရံများကိုဖြတ်သန်းကာသွားဖို့ခက်ခဲတဲ့ အတွက်ပဲဖြစ်ပါတယ်။ သင့်ကွန်ပြူတာနဲ့ router အကြားက အကွာအဝေးကလဲ connection တစ်ခုရဲ့ အရည်အသွေးအပေါ်ထိခိုက်မှုရှိစေနိုင်ပါတယ်။ 

ဒေတာသုံးစွဲမှုများသော program များ - မြန်နှုန်းစစ်ဆေးမှုတစ်ခုပြုလုပ်စဉ်တွင် အင်တာနက်ကို မကြာခဏဝင်ရောက်သုံးစွဲရတတ်တဲ့ software များကိုပိတ်ထားရပါမယ်။ (ဥပမာ - web radio, RSS feeds သို့မဟုတ် TV ဝန်ဆောင်မှုများ)

အတူသုံးစွဲလျှက်ရှိသော (တစ်ပြိုင်နက်) အသုံးပြုသူများ။ သင့်ရဲ့ wireless (သို့) fixed line network ကိုအသုံးပြုနေတဲ့ အခြားသော device များကို ပိတ်ထားလိုက်ပါ။ Router တစ်ခုတည်း သို့ တစ်ချိန်တည်းမှာဆက်သွယ်ချိတ်ဆက်မှုများစွာရှိနေတဲ့အခါမှာ broadband မြန်နှုန်းများကို သိသာစွာထိခိုက်မှုရှိစေနိုင်ပါတယ်။ 

Network coverage - မိုဘိုင်းလ်အင်တာနက်ကွန်နက်ရှင်များအတွက် ရွေ့လျားသွားလာမှုရှိနေခြင်း ဟာ သင့် broadband connection ရဲ့ အရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။ မိုဘိုင်းလ် broad band မြန်နှုန်းများကိုတိုင်းတာရာတွင် ပိုမိုတိကျမှုရှိစွာတိုင်းတာနိုင်ဖို့အတွက် ကွန်ပြူတာတစ်လုံးနဲ့ အထိုင်ချမယ့်နေရာတစ်ခုမှာ သေသေချာချာတိုင်းတာမှုပြုလုပ်သင့်ပါတယ်။ 

အင်တာနက်လိုင်းကြပ်တည်းမှုရှိတဲ့အချိန်များ - broadbandဝန်ဆောင်မှုပေးအပ်သူကုမ္ပဏီများဟာ နေ့တစ်နေ့ရဲ့ အင်တာနက်အသုံးအများဆုံးအချိန်များဖြစ်တဲ့ (ပုံမှန်အားဖြင့် ညနေ ၈နာရီမှ ၁၀နာရီ အတွင်း) မှာ လိုင်းကြပ်တည်းမှုများကိုကြုံရတတ်ပါတယ်။ ဒီအချိန်များမှာ အွန်လိုင်းအသုံးပြုတဲ့သူ များပြားလှတဲ့အတွက် မြန်နှုန်းများဟာနှေးကွေးလေ့ရှိတတ်ကြပါတယ်။ 

(Unicode)








သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။