WeChat blocks Indian users from sending or receiving messages

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.8.2020 | WeChat ဟာ အိန္ဒိယနိုင်ငံမှအသုံးပြုသူများကို စာတိုပေးပို့မှုများ၊ လက်ခံရယူမှုများပြုလုပ်၍မရစေရန်အတွက် ပိတ်ပင်မှုတစ်ရပ်ကိုပြုလုပ်ခဲ့ 

တရုတ်နိုင်ငံရဲ့ နည်းပညာကုမ္ပဏီကြီးများဖြစ်တဲ့ Tencent နှင့် ByteDance တို့ဟာ သူတို့ရဲ့ ရေပန်းစား လူသုံး များတဲ့ app များ အိန္ဒိယအစိုးရမှတားမြစ်လိုက်တဲ့ တရုတ် app ၅၉ ခုအတွင်းပါဝင်ခဲ့တဲ့အတွက် ဆိုးဆိုးရွားရွား အထိနာခဲ့ပါတယ်။ TikTok နဲ့ အခြားတားမြစ်ခံရတဲ့ app များဟာ တားမြစ်ခံရပြီး download ပြုလုပ်နိုင်ခြင်းမရှိ သည့်အချိန်မှာတောင်မှ WeChat အသုံးပြုသူများဟာ အဆိုပါတားမြစ်မှုတွင်ပါဝင်သွားခြင်းမရှိခဲ့ပါဘူး။ 

ပြီးခဲ့တဲ့စနေနေ့ကတော့ ဒီအရာတွေအားလုံးပြောင်းလဲသွားပြီပဲဖြစ်ပါတယ်။ WeChat ဟာ အိန္ဒိယနိုင်ငံရှိ သူတို့ရဲ့ အသုံးပြုသူများကို စာတိုပေးပို့မှု/ လက်ခံရယူမှုများပြုလုပ်နိုင်ခြင်းမရှိစေရန်အတွက် တရားဝင်တားမြစ်ခဲ့ပါ တော့တယ်။ အသုံးပြုသူများစွာဟာ သူတို့ရဲ့ app များမှ အလိုအလျှောက် log out ပြုလုပ်ခြင်းကိုခံခဲ့ရပြီး ထိုသို့ ကြုံတွေ့ခဲ့ရသူများက ထိုအကြောင်းကို Twitter ပေါ်တွင်ရေးသားခဲ့ကြပါတယ်။ 

“အိန္ဒိယနိုင်ငံရဲ့စည်းမျဉ်းများအရ ကျွန်ုပ်တို့ဟာ သင့်ကိုယခုအချိန်မှာ WeChat ရဲ့ဝန်ဆောင်မှုများကိုပေးအပ်၍ မရနိုင်ပါဘူး။ ကျွန်ုပ်တို့ကိုအသုံးပြုပေးတဲ့သူတစ်ဦးချင်းစီတိုင်းကိုတန်ဖိုးထားပြီး ဒေတာအချက်အလက်လုံခြုံမှု နှင့် ကိုယ်ရေးအချက်အလက်များပေါက်ကြားမှုမရှိစေေးမှာ ကျွန်ုပ်တို့အလေးအထားဆုံးအရာတစ်ခုဖြစ်ပါ တယ်။ ကျွန်ုပ်တို့ဟာ သက်ဆိုင်ရာအာဏာပိုင်များနဲ့ ယခုအခါတွင်ဆက်သွယ်လျှက်ရှိပြီး နောင်အနာဂါတ်တွင် ကျွန်ုပ်တို့ရဲ့ဝန်ဆောင်မှုများကိုပြန်လည်ပေးအပ်သွားနိုင်ဖို့အတွက်ကြိုးစားလျှက်ရှိပါတယ်” ဟူ၍ WeChat က သူတို့ရဲ့အသုံးပြုသူများကို notification မှတဆင့်ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပတ် သောကြာနေ့က မီဒီယာများရဲ့အဆိုအရ အိန္ဒိယအစိုးရဟာ တရုတ်ပြည်မှလာတဲ့ app များကို ထပ်မံ၍ တားမြစ်ချက်များထုတ်ပြန်ဖို့အတွက်စီစဉ်လျှက်ရှိနေတယ်ဟူ၍လည်းသိရှိရပြီး ယခင်က တားမြစ်ထား တဲ့ app များရဲ့ lite ဗားရှင်းများကို download ပြုလုပ်နိုင်သေးသော်လည်း ယခုအခါတွင်တော့ download store များတွင် ထို app များကိုပါဖြုတ်ချလိုက်ပြီဖြစ်တယ်ဟူ၍လည်းသိရှိရပါတယ်။ 

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။