WeChat banned accounts linked to NFTs

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.4.2022 | NFT များနှင့် ချိတ်ဆက်ထားသောအကောင့်များကို WeChat မှ Ban ပြုလုပ်ခဲ့

တရုတ်နိုင်ငံတွင် လူသုံးများသော messaging app တစ်ခုဖြစ်တဲ့ WeChat ဟာ non-fungible token (NFT) များနှင့် ချိတ်ဆက်ထားသော အကောင့်အချို့ကို digital ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်းအား တားဆီးနိုင်ရန်အတွက် suspend ပြုလုပ်ခဲ့တယ်လို့ BBC မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။

WeChat ရဲ့ အဆိုအရ - ၎င်းတို့ဟာ NFT ဈေးကွက်တွင်ရင်းနှီးမြှုပ်နှံကြရန်အတွက် ကြော်ငြာပြီး ဈေးနှုန်းများ မြင့်တက်လာအောင် လုပ်ဆောင်လျှက်ရှိသောအကောင့်များကို “ထိန်းသိမ်းထား” လိုက်ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ တရုတ်နိုင်ငံအတွင်းတွင် NFT များနှင့် စပ်လျင်း၍ တိကျသောဥပဒေများကို ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ပြီးခဲ့တဲ့နှစ်အတွင်းကတော့ cryptocurrency များကို mining ပြုလုပ်ခြင်းနှင့် လဲလှယ်ခြင်းကို တရုတ်အာဏာပိုင်များက ပိတ်ပင်တားမြစ်ထားခဲ့ပါတယ်။ မေလ ၃၁ ရက်နေ့မှာတော့ WeChat က ဒေသခံသတင်းဌာနများသို့ ပြန်လည်ဆက်သွယ်ခဲ့ပြီး အဆိုပါထိန်းသိမ်းထားသော အကောင့်များကို ban ပြုလုပ်လိုက်ပြီဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။