Waymo Will Stop Selling Their Lidar Sensors To Other Companies

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.9.2021 | Waymo မှ သူတို့ရဲ့ Lidar Sensor များကို အခြားသောကုမ္ပဏီများသို့ ရောင်းချနေခြင်းအား ရပ်တန့်သွားတော့မည်

The Information မှ သတင်းတစ်ပုဒ်အရ Waymo ဟာ Lidar ရောင်းချမှုလုပ်ငန်းမှ ထွက်ခွာတော့မှာဖြစ်ပါတယ်။ Alphabet ပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Waymo ဟာ သူတို့ရဲ့ Laser Sensor များကို အခြားသောကုမ္ပဏီများသို့ ထပ်မံရောင်းချတော့မှာမဟုတ်တော့ပါဘူး။ 

Lidar ဆိုတာကတော့ - Light Detection and Ranging ရဲ့ အတိုကောက်စကားလုံးဖြစ်ပြီး ၎င်းတို့ဟာ အလိုအလျှောက်မောင်းနှင်မှုပြုလုပ်နိုင်သည့် ကားများအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ၎င်း Sensor များကို အလိုအလျှောက်မောင်းနှင်နိုင်သော ကားများရဲ့ အမိုးပေါ်တွင်နှင့် ဘေးတစ်ဖက်တစ်ချက်စီတွင် တပ်ဆင်ရတာဖြစ်ပြီး ထိုမှတဆင့် ပတ်ဝန်းကျင်သို့ ထောင်ပေါင်းများစွာသော လေဆာရောင်ခြည်များထုတ်လွှင့်၍ အာရုံခံမှုကိုပြုလုပ်ပေးမှာဖြစ်ပါတယ်။ 

Waymo ဟာ သူတို့ရဲ့ ပထမဆုံး Lidar Sensor များကို ၂၀၁၇ ခုနှစ် အစောပိုင်းခန့်တွင် စတင်ထုတ်လုပ်ခဲ့ပြီး အလိုအလျှောက်မောင်းနှင်နိုင်သောကားများကို ထုတ်လုပ်ရာတွင် ကုန်ကျစားရိတ်ကို ပိုမိုခြွေတာနိုင်ရန်အတွက် ရည်ရွယ်၍ ကိုယ်ပိုင်ထုတ်လုပ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်က ကုမ္ပဏီရဲ့ ပြောဆိုချက်တစ်ခုအရ ကိုယ်ပိုင် အာရုံခံကိရိယာများကိုထုတ်လုပ်နိုင်ခြင်းအားဖြင့် Lidar Sensor များကို ကန်ဒေါ်လာ ၇၅,၀၀၀ ဖြင့် ဝယ်ယူနေရခြင်းကို ကန်ဒေါ်လာ ၇,၅၀၀ အထိ လျှော့ချပေးနိုင်ခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။