Waymo starts offering autonomous rides in San Francisco

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.9.2021 | ဆန်ဖရန်စစ်စကိုမြို့တွင် Waymo မှ အလိုအလျှောက်မောင်းနှင်နိုင်သောကားများဖြင့် စတင်၍ဝန်ဆောင်မှုပေးလျှက်ရှိ

Waymo မှ သူတို့ရဲ့အလိုအလျှောက်မောင်းနှင်နိုင်သော ယာဉ်များကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ်စကိုမြို့တွင် ခရီးသည်များကိုတင်ဆောင်၍ အစမ်းစတင်ပြေးဆွဲလျှက်ရှိနေပြီဖြစ်ပါတယ်။

ဝန်ဆောင်မှုကိုစမ်းသပ်အသုံးပြုကြည့်လိုသူများအနေနဲ့ နှုတ်လုံမှုကတိကဝတ်စာချုပ်များကို လက်မှတ်ရေးထိုးဖို့လိုအပ်မှာဖြစ်ပြီး ယာဉ်မောင်းသူနေရာတွင်လည်း ယာဉ်မောင်းတစ်ဦးမှ လုံခြုံရေးအတွက် လိုက်ပါစီးနင်းမှုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Arizona ပြည်နယ် Phoenix မြို့တွင်တော့ လုံးဝ မောင်းသူမပါတဲ့ကားများဖြင့် ဝန်ဆောင်မှုများကိုပေးအပ်လျှက်ရှိနေတာ ၁နှစ်ကျော်ခန့် ရှိပြီဖြစ်ပြီး Waymo အနေနဲ့ အလိုအလျှောက်မောင်းနှင်နိုင်တဲ့ကားများကို San Francisco မြို့တွင် ဆယ်စုနှစ်တစ်ခုခန့်ကြာအောင် စမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီးဖြစ်တဲ့အတွက် San Francisco မြို့ဟာ သူတို့ရဲ့ဝန်ဆောင်မှုကိုရရှိနိုင်မယ့် ဒုတိယမြောက် မြို့တစ်မြို့ဖြစ်လာမှာဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။