Waymo says fully driverless rides are coming to San Francisco

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.4.2022 | မောင်းသူမဲ့ယာဉ်များ San Francisco မြို့သို့ ရောက်ရှိလာတော့မည်ဟု Waymo မှပြောကြား 

Waymo ဟာ ထိန်းကျောင်းမောင်းနှင်ပေးမည့် လူသား Driver လုံးဝမပါဝင်သည့် အလိုအလျှောက်မောင်းနှင်နိုင်သောယာဉ်များဖြင့် San Francisco မြို့တွင် စတင်၍ပြေးဆွဲမှုများကို ပြုလုပ်သွားရန် စီစဉ်ထားလျှက်ရှိနေတယ်လို့ သတင်းများအရ သိရှိရပါတယ်။ 

Waymo ရဲ့ ပြောကြားချက်အရ ၎င်းတို့ရဲ့ မောင်းသူမဲ့ယာဉ်များကို ယခုအခါ ၎င်းတို့ရဲ့ဝန်ထမ်းများမှသာ စီးနင်းနိုင်ဦးမှာဖြစ်သော်လည်း မကြာမှီတွင် ကုမ္ပဏီရဲ့ “Trusted Tester” အစီအစဉ်တွင် ပါဝင်လာမည့်သူများသို့ ထပ်မံတိုးချဲ့မှုပြုလုပ်သွားမှာဖြစ်ပါတယ်။ 

Waymo ဟာ Arizona ပြည်နယ်တွင်လည်း ကြီးမားတဲ့ခြေလှမ်းများကို စတင်၍ပြုလုပ်လျှက်ရှိနေပြီဖြစ်ပြီး ကုမ္ပဏီရဲ့ ဝန်ဆောင်မှုပေးနိုင်သောဧရိယာအကျယ်အဝန်းဟာလည်း တဖြည်းဖြည်းကျယ်ပြန့်၍လာလျှက်ရှိနေပြီး Chandler, Gilbert, Mesa နှင့် Tempe မြို့များတွင် ၅ နှစ်ကြာ သီးခြား operate ပြုလုပ်ခဲ့ပြီးနောက် မကြာမှီတွင် Phoenix မြို့တွင်းတွင်လည်း ၎င်းတို့ရဲ့ ဝန်ဆောင်မှုကို ရရှိနိုင်တော့မှာဖြစ်ပါတယ်။  
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။