Waymo is teaming up with Uber on autonomous trucking

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.6.2022 | Waymo ဟာ Uber နှင့်တွဲဖက်၍ အလိုအလျှောက်မောင်းနှင်နိုင်သော Truck ကားများကို ထုတ်လုပ်ရန် စီစဉ်လျှက်ရှိ 

Waymo နှင့် Uber ဆိုတဲ့ ယခင်က အလိုအလျှောက်မောင်းနှင်နိုင်သောယာဉ်ထုတ်လုပ်ရေးနယ်ပယ်တွင် ပြိုင်ဘက်ဖြစ်ခဲ့တဲ့ကုမ္ပဏီ ၂ ခုဟာ ယခုအခါ ယာဉ်မောင်းမပါတဲ့ Truck ကားထုတ်လုပ်မှုကို ပိုမိုမြန်ဆန်မှုရှိလာစေရန် အကျိုးတူပူးပေါင်းမှုများကို ပြုလုပ်နေပြီပဲဖြစ်ပါတယ်။ 

Waymo ဟာ Uber Freight လို့အမည်ပေးထားတဲ့ Uber ရဲ့  Truck ကားများကို Shipping ကုမ္ပဏီကြီးများနှင့်ချိတ်ဆက်ပေးသောနည်းပညာကို ၎င်းတို့ရဲ့ အလိုအလျှောက်မောင်းနှင်နိုင်သော Truck ကားများကို ထိန်းကျောင်းပေးမည့် နည်းပညာအတွင်းသို့ ထည့်သွင်းသွားမှာဖြစ်ပါတယ်။

ဖော်ပြပါကုမ္ပဏီများရဲ့ ပြောကြားချက်အရ - ဒီ “ရေရှည်အကျိုးတူပူးပေါင်းမှု စီမံကိန်း” ဟာ Waymo ရဲ့ အလိုအလျှောက်မောင်းနှင်နိုင်သော “driver” နည်းပညာတပ်ဆင်ထားတဲ့ ယာဉ်ပိုင်ရှင်များကို Uber Freight မှ တဆင့်ရရှိလာတဲ့ on-demand delivery လမ်းကြောင်းများအတွက် ပိုမိုမြန်ဆန်စွာ စေလွှတ်ပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။