Volkswagen Will Stop Producing Combustion Engine Vehicle Starting From 2035 in Europe

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.7.2021 | Volkswagen မှ ၂၀၃၅ ခုနှစ်မှစတင်၍ Combustion Engine ကားများကို ဥရောပတွင် ထုတ်လုပ်မှုရပ်ဆိုင်းရန် ကြေငြာချက်ထုတ်ပြန် 

နာမည်ကျော် ဂျာမန်ကားထုတ်လုပ်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Volkswagen ဟာ ဥရောပတွင် ၂၀၃၅ ခုနှစ်မှ စတင်၍ သမားရိုးကျ combustion engine ကားများကို ထုတ်လုပ်မှုရပ်ဆိုင်းသွားမှာဖြစ်ပြီး ထို့နောက်တွင် အမေရိကနှင့် တရုတ်နိုင်ငံများတွင်လည်း ထုတ်လုပ်မှုများကို ရပ်ဆိုင်းသွားဖို့ရှိနေကြောင်း ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

“ဥရောပတွင် Combustion Engine ဖြင့် တည်ဆောက်ထားသည့် ယာဉ်များအားထုတ်လုပ်မှုကို ၂၀၃၃ ခုနှစ်နှင့် ၂၀၃၅ ခုနှစ်အတွင်း ရပ်တန့်သွားမှာဖြစ်ပြီး ထို့နောက်တွင် အမေရိကနှင့် တရုတ်နိုင်ငံများတွင်လည်း နှစ်အနည်းငယ်အတွင်း ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်” ဟူ၍ Volskwagen အရောင်းဌာနရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Klaus Zellmer မှ Muencher Merkur သတင်းစာတိုက်သို့ ပြောကြားခဲ့ပါတယ်။ 

Volkswagen ကုမ္ပဏီမှ ထုတ်လုပ်မည့် ယာဉ်များဟာ နောက်အကျဆုံးအနေနဲ့ ၂၀၅၀ ခုနှစ်တွင် CO2 ထုတ်လွှင့်မှု လုံးဝမရှိတော့စေရန်အတွက်ကိုလည်း ရည်မှန်းထားကြောင်းကို Zellmer က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။