Vodafone launches SD-WAN network

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.5.2020 | Vodafone မှ SD-WAN ကွန်ယက်ကို စတင်ထုတ်လွှင့်ခဲ့ပါတယ်။

Czech Republic ဟာ Vodafone မှာ အဆိုပါ network solution ကို စတင်ရောင်းချမည့် ပထမဆုံး ဥရောပ နိုင်ငံဖြစ်ပါတယ်။

SD-WAN ဆိုသည်မှာ Network လိုအပ်ချက်များကို ကြိုတင်ခန့်မှန်းကာ စီမံပေးနိုင်ပြီး ရှုပ်ထွေး သော network များကို စီမံခန့်ခွဲမှုပြုနိုင်ရန် လွယ်ကူမှုရှိစေသည့် intelligent network တစ်ခုဖြစ်ပါ သည်။ အဆိုပါ SD-WAN အတွက် ပင်မ portal တစ်ခုရှိရုံနဲ့ လုံလောက်မှုရှိပါတယ်။ ဒီ Vodafone ရဲ့ software-defined network ဟာ Vmware ရဲ့ VeloCloud ပေါ်တွင် အလုပ်လုပ်မှာဖြစ်ပါတယ်။ Vodafone ရဲ့ Software-Defined Wide Area Network ကြောင့် ကုမ္ပဏီများဟာ လုပ်ငန်းများကို ပိုမို၍ ထိထိရောက်ရောက်လုပ်နိုင်လာမှာဖြစ်ကာ တစ်ချိန်တည်းမှာပင် ငွေကြေးကုန်ကျမှုကို သိသိ သာသာ သက်သာစေမှာပဲဖြစ်ပါတယ်။ လုပ်ငန်းများဟာ data traffic များကို software-defined network ပေါ်တွင် ငွေကုန်ကြေးကျပိုမိုသက်သာစေမည့်နည်းလမ်းဖြင့်ပေးပို့နိုင်မှာဖြစ်တဲ့အပြင် လုံ ခြုံစိတ်ချရပြီး ပြတ်တောက်မှုမရှိတဲ့ ကွန်ယက်ချိတ်ဆက်မှုကို ရရှိစေမှာဖြစ်ပါတယ်။

Vodafoneရဲ့ SD-WAN ဟာ network data များကို အသိဉာဏ်ရှိရှိနဲ့ ပို့လွှတ်ပေးမှာဖြစ်ပြီး ငွေပေးခြေမှုစနစ်များ၊ Office 365 (သို့) အသံနှင့် ရုပ်သံအစည်းအဝေးများကဲ့သို့သော အရေးကြီး တဲ့ application များနဲ့ လုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ အသုံးပြု သူများဟာ သူတို့လိုအပ်သည့်အချိန်တွင် လိုအပ်သည့်အင်တာနက်ချိတ်ဆက်မှုများကိုရရှိသွားမှာ ဖြစ်ပါတယ်။ Vodafone နှင့် Vmware ရဲ့နည်းပညာများကိုပေါင်းစည်းလိုက်ခြင်းက သုံးစွဲသူများကို လတ်တစ်လောဖြစ်ပေါ်နေသည့်လိုအပ်ချက်များအလိုက် ထိပ်တန်းဝန်ဆောင်မှုပေးအပ်နိုင်စေရန် လုပ်ဆောင်ပေးနိုင်သည့်အတွက် ငွေကြေးကုန်ကျမှုသက်သာစေသည့် ထိရောက်သော ဖြေရှင်း နည်းတစ်ခုဖြစ်ပါသည်ဟု Czech Republic နိုင်ငံရှိ Vodafone ရဲ့ လုပ်ငန်းကြီးများမှ သုံးစွဲသူများကဏ္ဍ၏ ဒုတိယအကြီးအကဲဖြစ်သူ Jonathan Rutherford မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

SD-WAN ကြောင့် Vodafone ကိုအသုံးပြုသူများဟာ coronavirus ကပ်ရောဂါကြောင့်ြဖစ်ပေါ် လာမည့် အကျိုးဆက်များကို လွယ်ကူစွာကျော်လွှားနိုင်တော့မှာဖြစ်ပါတယ်။ ၎င်းဟာ အိမ်မှအလုပ် လုပ်နေရပြီး သူတို့ရဲ့လုပ်ငန်းစဉ်များကို ဒီဂျစ်တယ်အချက်အလက်များအဖြစ်ပြောင်းလဲဖို့လိုအပ်နေ တဲ့ကုမ္ပဏီများအတွက်လဲ အလွန်သင့်တော်လှပါတယ်။

ဒီ network ရဲ့အစိတ်အပိုင်းတိုင်းဟာလုံခြုံစိတ်ချမှုရှိပြီး ဒေတာများကို encrypt (ပုံဖျက်မှု၊ ဝှက်စာ များအဖြစ်) ပြုလုပ်ထားကာ သုံးစွဲသူများမှ သတ်မှတ်ထားသည့် ဥပဒေများနှင့် အုပ်ချုပ်ထားရှိပါ တယ်။ တစ်ချိန်တည်းမှာပင် ဒီ network ဟာ လိုက်လျောညီထွေစွာလုပ်ဆောင်နိုင်ပြီး ယနေ့ခေတ် ရဲ့ ပြောင်းလဲနေတဲ့ကမ္ဘာရှိ သုံးစွဲသူတို့၏ လိုအပ်ချက်များအလိုက် တုန့်ပြန်မှုပြုလုပ်ပေးနိုင်ပါတယ်။ လို့လဲ Rutherford မှ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

(Unicode)






 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။