Vietnam Car Company started building an EV battery plant

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.12.2021 | Vietnam အခြေစိုက် ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှလည်း ကိုယ်ပိုင် လျှပ်စစ်ကားဘက်ထရီထုတ်လုပ်ရေး စက်ရုံတစ်ခုကို တည်ဆောက်ခဲ့ 

Vietnam နိုင်ငံရဲ့ အကြီးဆုံးကားထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Vingroup မှ ကန်ဒေါ်လာ ၁၇၄ သန်း တန်ကြေးရှိ ဘက်ထရီ cell ထုတ်လုပ်ရေးစက်ရုံတစ်ခုကို ၎င်းတို့ရဲ့ VinFast တံဆိပ် လျှပ်စစ်ကားလုပ်ငန်းအတွက် ကိုယ်ပိုင် battery supply chain တစ်ခုအား ပိုင်ဆိုင်နိုင်ဖို့ရည်ရွယ်၍ စတင်တည်ဆောက်လျှက်ရှိနေပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။ 

VinFast ဟာ Vietnam ပြည်တွင်းတွင် နာမည်ရပြီးသော ကားထုတ်လုပ်မှုကုမ္ပဏီတစ်ခုဖြစ်ကာ ၎င်းတို့ရဲ့ သဘာဝဓါတ်ငွေ့ကားမော်ဒယ်လ်များကို ၂၀၁၉ ခုနှစ်တွင် စတင်၍ နိုင်ငံတစ်ဝှမ်းသို့ ဖြန့်ချီမှုပြုလုပ်နိုင်ခဲ့ပါတယ်။ ယခုအခါ အမေရိကဈေးကွက်အတွင်းတွင် ၎င်းတို့ရဲ့ လျှပ်စစ် SUV များကို ထိုးဖောက်နိုင်ဖို့ စီစဉ်လျှက်ရှိနေပြီဖြစ်ပြီး ကားဘက်ထရီကို နှစ်သက်ရာဌားရမ်းထည့်သွင်းနိုင်မည့် model များကိုလည်း လာမည့်နှစ်အတွင်း စတင်နိုင်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

အဆိုပါ Vietnam နိုင်ငံရဲ့ ပထမဆုံး လျှပ်စစ်ကားဘက်ထရီထုတ်လုပ်မှုစက်ရုံကိုတော့ Ha Tinh မြို့လယ်ခေါင်ရှိ ဧက (၂၀) ကျယ်သော မြေကွက်တွင် တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။