Verizon had agreed to sell Yahoo and AOL for $5 Billion

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.5.2021 | Verizon မှ Yahoo နှင့် AOL အား ကန်ဒေါ်လာ ၅ ဘီလျံဖြင့် ရောင်းချရန် သဘောတူခဲ့ 

Apollo Global Management ဟု အမည်ရတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ Verizon မှ သူတို့ပိုင်ဆိုင်ထားတဲ့ Yahoo နဲ့ AOL စီးပွားရေးလုပ်ငန်းစုများကို ကန်ဒေါ်လာ ၅ ဘီလျံဖြင့် ရောင်းချရန်သဘောတူခဲ့ကြောင်း ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။ အဆိုပါသဘောတူညီချက်ကို Verizon မှ Yahoo နှင့် AOL တို့အားရောင်းချနိုင်ရန် စီစဉ်လျှက်ရှိကြောင်း သတင်းများထွက်ရှိခဲ့ပြီးနောက် မရှေးမနှောင်းတွင် Verizon မှ တရားဝင်ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ 

Verizon ကတော့ Yahoo နှင့် AOL ကို တာဝန်ယူကိုင်တွယ်လျှက်ရှိတဲ့ Verizon Media ဟာ “ကမ္ဘာ့ထိပ်တန်း နည်းပညာနှင့် သတင်းမီဒီယာကုမ္ပဏီများထဲကတစ်ခုအပါအဝင်ဖြစ်ပြီး” Yahoo နှင့် AOL အပြင် Verizon Media တွင် “ရှေ့ပြေး ကြော်ငြာနည်းပညာများနှင့် သတင်းမီဒီယာ platform လုပ်ငန်းများ ပါဝင်နေပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ 

Apollo သို့ Yahoo နှင့် AOL ကိုရောင်းချလိုက်ခြင်းဟာ “Verizon Media ကို တိုးတက်လျှက်ရှိနေတဲ့ ဧရိယာများကို ပိုမို၍ပြင်းပြင်းထန်ထန် အာရုံစိုက်လုပ်ကိုင်လာနိုင်စေမှာဖြစ်ပြီး သူတို့ရဲ့ ဝန်ထမ်းများ၊ ကြော်ငြာသူများ၊ publishing partner များနဲ့ ကမ္ဘာတစ်လွှားရှိ လစဉ်အသုံးပြုနေသူ သန်းပေါင်း ၉၀၀ ခန့်အတွက် အကျိုးရှိလာစေမှာဖြစ်တယ်” ဟူ၍လည်း အဆိုပါကြေငြာချက်တွင် ထည့်သွင်းပြောဆိုသွားခဲ့ပါသေးတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။