Valve’s Steam Deck devices will officially out later this year

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.9.2021 | ယခုနှစ်ကုန်ပိုင်းတွင် Valve ရဲ့ Steam Deck devie များကို စတင်ဝယ်ယူ၍ ရရှိနိုင်တော့မည်ဖြစ်ကြောင်း ကြေငြာ 

မကြာမှီထွက်ရှိလာတော့မည့် Valve ရဲ့ upcoming handheld PC – Steam Deck ဟာ အပြီးသတ်ထုတ်လုပ်နိုင်မည့်အဆင့်သို့ နီးကပ်လာပြီဖြစ်ပီး ကုမ္ပဏီမှ ယခုအခါတွင် developer kit များကို စမ်းသပ်မှများပြုလုပ်နိုင်ရန် စတင်ဝေဌမှုပြုလုပ်လျှက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ 

Steam Store ပေါ်ရှိ post တစ်ခုတွင် Valve မှ မကြာမှီထွက်ရှိလာတော့မည့် Steam Deck ဟာ “အပြီးသတ်ထုတ်လုပ်ရေးအတွက် နောက်ဆုံးဆင့်သို့ရောက်ရှိနေပြီ” ဖြစ်ပြီး Steam Studio မှ dev kit အနေနဲ့ အစမ်းထုတ်လုပ်ထားတဲ့ version များကို လက်တွဲဖော်ကုမ္ပဏီများကို ဝေဌပေးလျှက်ရှိနေပြီဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ 

အဆိုပါ post ပေါ်တွင် Valve ရဲ့ ပြောဆိုချက်အရ အဆိုပါ dev kit များဟာ ကုမ္ပဏီအနေနဲ့ “Game developer များကို သူတို့ရဲ့ဂိမ်းများအား Steam Deck ပေါ်သို့တင်ပို့နိုင်ရန် လိုအပ်မည့်လုပ်ငန်းစဉ်များကို ညွှန်ပြပေးနိုင်မှာဖြစ်သလို ယခုနှစ်ကုန်တွင် ထုတ်လုပ်ဖြန့်ချီတော့မည့် Steam Deck device များအတွက် လိုအပ်တဲ့ပြင်ဆင်မှုများပြုလုပ်နိုင်ရန် ၎င်းတို့ထံမှအကြံပြုချက်များကိုလည်းပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။” ယခုအခါ developer များထံသို့ dev kit program ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ပေးအပ်ထားတဲ့ Steam Deck device များဟာ ယခုနှစ်နှောင်းပိုင်းတွင် fan များထံသို့ရောင်းချပေးမည့် device များနှင့် လုပ်ဆောင်ချက်ပိုင်းအရ တူညီမှုရှိနေမှာဖြစ်ကြောင်းကိုလည်း Valve မှ အတည်ပြုပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။