US State Department announces $10 million bounty after Costa Rica ransomware attack

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.5.2022 | အမေရိကန်ပြည်ထောင်စု ဦးစီးဌာနမှ Costa Rica တွင်ဖြစ်ပွားခဲ့တဲ့ Ransomware တိုက်ခိုက်မှုတစ်ခုအပြီးတွင် ကန်ဒေါ်လာ ၁၀ သန်း ဆုငွေထုတ်ပြန်ခဲ့ 

ဧပြီလတွင် Costa Rican အစိုးရအဖွဲ့အပေါ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ကြီးမားသော ransomware တိုက်ခိုက်မှုတစ်ခုအပြီးတွင် အမေရိကန်အစိုးရမှ ပြီးခဲ့တဲ့အပတ်အတွင်း အသိပေးစာတစ်ခုထုတ်ပြန်ကာ အဆိုပါ hack ပြုလုပ်ခြင်းတွင် အသုံးပြုခဲ့သော Conti ransomware နှင့် ပါဝင်ပတ်သက်နေသည့်သူများကို ဖမ်းဆီးနိုင်ရန် သန်းပေါင်းများစွာတန်ကြေးရှိသည့် ဆုကြေးငွေထုတ်ပြန်ခဲ့တယ်လို့ သိရှိရပါတယ်။ 

အဆိုပါ ransomware တိုက်ခိုက်မှုဟာ Costa Rica ရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အလုပ်သမားရေးရာနှင့် လူမှုလုံခြုံရေးဝန်ကြီးဌာနတို့အပြင် Costa Rica လူမှုဘဝတိုးတက်ရေးနှင့် မိသားစုထောက်ပံ့မှုရံပုံငွေများအပေါ် ထိခိုက်မှုဖြစ်ပွားစေခဲ့ပါတယ်။ သတင်းများအရ အဆိုပါတိုက်ခိုက်မှုဟာ ဧပြီလ ၁၈ ရက်နေ့မှစတင်ပြီး Costa Rica ရဲ့ နိုင်ငံ့ဘဏာတိုက်မှ ဝန်ဆောင်မှုအချို့အပေါ် သက်ရောက်မှုရှိနေခဲ့တာဖြစ်ပြီး Hacker များက Costa Rica အစိုးရရဲ့ system များကို တိုက်ခိုက်ခဲ့ရုံသာမကပဲ ဒေတာအချက်အလက်များကိုလည်း leak ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ 

CyberScoop တွင် ရေးသားထားသည့် သတင်းတစ်ပုဒ်အရ အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် မကြာသေးမှီက Costa Rica ရဲ့ သမ္မတအဖြစ်ခန့်အပ်ခြင်းခံထားရသော Rodrigo Chaves Robles ဟာ နိုင်ငံကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေငြာခဲ့ရကြောင်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။