US speculates North Korea Hacker group is behind the massive crypto heist worth $615 million

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.4.2022 | ကန်ဒေါ်လာ ၆၁၅ သန်းတန်ကြေးရှိ crypto currency များခိုးယူခံရမှုတွင် မြောက်ကိုရီးယားဟက်ကာအဖွဲ့နှင့် ဆက်စပ်မှုရှိနေနိုင်သည်ဟု US မှ ခန့်မှန်းချက်ထုတ်ပြန်

မြောက်ကိုရီးယားအခြေစိုက် ဟက်ကာအဖွဲ့တစ်ခုကို လူသိများသော online game တစ်ခုဖြစ်တဲ့ Axie Infinity ထံမှ ပြီးခဲ့တဲ့လအတွင်း ကန်ဒေါ်လာ ၆၁၅ သန်း တန်ကြေးရှိသော cryptocurrency အမြောက်အများ ခိုးယူမှုနှင့် ဆက်စပ်မှုရှိနေကြောင်း US မှ ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။

အဆိုပါဂိမ်းပေါ်တွင် player များဟာ crypto currency များကို ဂိမ်းကစားခြင်းဖြင့်သော်၎င်း (သို့မဟုတ်) ၎င်းတို့ရဲ့ avatar များကို လဲလှယ်ခြင်းအားဖြင့်သော်၎င်း ရှာဖွေနိုင်ပြီး အဆိုပါ Hacking ပြုလုပ်ခြင်းဟာ crypto လောကကို အကြီးမားဆုံးရိုက်ခတ်မှုဖြစ်စေခဲ့တဲ့အရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

US အာဏာပိုင်များကတော့ အဆိုပါလုံခြုံရေးကျိုးပေါက်မှုဟာ “Lazarus” လို့အမည်ရတဲ့ မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဗျူရိုမှထိန်းချုပ်ထားတယ်လို့ ယူဆရသောအဖွဲ့တစ်ခုနှင့် ဆက်စပ်မှုရှိနေကြောင်း ဖော်ထုတ်နိုင်ခဲ့ကြတယ်လို့ ပြောကြားထားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။