U.S President Joe Biden pauses TikTok and WeChat bans

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.2.2021 | အမေရိကန်သမ္မတ Joe Biden မှ TikTok နှင့် WeChat app များကို အသုံးမပြုရန် တားမြစ်ချက်ထုတ်ပြန်ထားခြင်းအား ဆိုင်းငံ့မှုပြုလုပ်ခဲ့ 

အသစ်ရွေးကောက်တင်မြှောက်လိုက်ကြသော အမေရိကန်သမ္မတ Joe Biden ဟာ ယခုအခါ TikTok နှင့် WeChat app များကို အမေရိကန်နိုင်ငံအတွင် အသုံးမပြုရန် တားမြစ်ချက်ထုတ်ပြန်ထားခြင်းအား ဆိုင်းငံ့လိုက်ပြီဖြစ်ပြီး ယခုအခါတွင် အဆိုပါ app များဟာ အမှန်တကယ်ပဲ နိုင်ငံတော်လုံခြုံရေးအပေါ် ထိခိုက်မှုများရှိလာနိုင်သလားဆိုတာအား ပြန်လည်စစ်ဆေးအကဲဖြတ်လျှက်ရှိနေပါတယ်။ 

ဒီဆိုင်းငံ့မှုကြောင့် app ၂ ခုစလုံးအနေနဲ့ အမေရိကန်အစိုးရအေဂျင်စီများမှ ဝန်ထမ်းအသစ်များအနေနဲ့ အဆိုပါကိစ္စရပ်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးမှီအချိန်အထိ အမေရိကန်နိုင်ငံအတွင်း ဆက်လက်၍ operate ပြုလုပ်နိုင်ဦးမှာပဲဖြစ်ပါတယ်။ ယခင်သမ္မတဟောင်း Donald Trump ကတော့ ဒီတရုတ်နိုင်ငံမှထုတ်လုပ်ပြီး တရုတ်နိုင်ငံပိုင်ကုမ္ပဏီများမှ app များကို အမေရိကန်နိုင်ငံအတွင်း အသုံးပြုမှုမြင့်မားလာခြင်းဟာ အမေရိကန်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံခြားရေးရာပေါ်လစီစည်းမျဉ်းများနှင့် စီးပွားရေးတို့ကို ထိပါးလာစေနိုင်ကြောင်း ပြောကြားသွားခဲ့ဖူးပါတယ်။ 

အချက်အလက်များအရတော့ Messaging app တစ်ခုဖြစ်တဲ့ WeChat ဟာ တစ်ကမ္ဘာလုံးတွင် အသုံးပြုနေသူဦးရေ တစ်ဘီလျံခန့်ရှိပြီး အမေရိကန်နိုင်ငံမှ ရရှိသော စုစုပေါင်းအသားတင်အမြတ်ငွေဟာ ၂ ရာခိုင်နှုန်းသာရှိကြောင်းနှင့် Video-sharing app တစ်ခုဖြစ်တဲ့ TikTok ကတော့ တစ်ကမ္ဘာလုံးတွင် အသုံးပြုသူဦးရေ သန်း ၈၀၀ ခန့်ရှိပြီး အမေရိကန်နိုင်ငံမှ အသုံးပြုသူပေါင်းဟာ သန်း ၁၀၀ ခန့်သာရှိနေကြောင်း သိရှိခဲ့ရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။