U.S. Places Restrictions on China’s Leading Chip Maker

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.10.2020 | အမေရိကန်ရဲ့ ထိပ်တန်း တရုတ် chip ထုတ်လုပ်သည့်ကုမ္ပဏီအပေါ် ပိတ်ဆို့မှုများ 

Trump အစိုးရက တရုတ်နိုင်ငံရဲ့ ကွန်ပြူတာ chip များထုတ်လုပ်သူ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Semiconductor Manufacturing International Corporation (SMIC) အပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ပြီပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့်ပဲ တရုတ်နဲ့ အမေရိကန်အကြား နည်းပညာစစ်ပွဲဟာ ပိုမို၍ ပြင်းထန်လာနိုင်ဖွယ်ရှိနေပါတယ်။ 

ပြီးခဲ့တဲ့အပတ်သောကြာနေ့က အမေရိကန် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဌာနမှ ထုတ်ပြန်လိုက်တဲ့ စာတစ်စောင်အရ Chip ထုတ်လုပ်သည့်လုပ်ငန်းနယ်ပယ်ရှိ အမေရိကန်ကုမ္ပဏီများအနေနဲ့ SMIC နဲ့ လက်အောက်ခံကုမ္ပဏီများသို့ နည်းပညာများရောင်းချလိုပါက အစိုးရရဲ့ခွင့်ပြုချက်လိုင်စင်ကို လိုအပ်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ အဆိုပါဌာနရဲ့ပြောကြားမှုအရ လေ့လာမှုများပြုလုပ်ပြီးနောက်တွင် “SMIC ရဲ့ chip များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာနည်းပညာများတွင် အသုံးပြုနေနိုင်ခြေ ရှိနေတဲ့အတွက် ဒီအရာဟာ လက်ခံ၍ရနိုင်တဲ့ စွန့်စားမှုတစ်ရပ်မဟုတ်ဘူး” ဟူ၍ပြောကြားသွားခဲ့ပါတယ်။ 

ဒီလုပ်ရပ်ကြောင့်ပဲ SMIC ဟာ သူတို့ရဲ့ထုတ်ကုန်များထုတ်လုပ်ရန်အတွက် လိုအပ်တဲ့ အမေရိကန်ရဲ့ software နဲ့ အခြားသောနည်းပညာများနဲ့ အဆက်ပြတ်သွားနိုင်ပါတယ်။ Trump အစိုးရဟာ တရုတ်နည်းပညာကုမ္ပဏီများ ကို အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုတစ်ရပ်ဟု မှတ်ယူထားသည့်အတွက် ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လျှက်ရှိ နေတာဖြစ်ပါတယ်။ Trump အစိုးရဟာ ဒီနှစ်အစောပိုင်းကာလများကလဲ တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Huawei ရဲ့ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် တင်းကြပ်စွာဖိနှိပ်မှုများပြုလုပ်ခဲ့သည့်အပြင် အခြားသော တရုတ်ကုမ္ပဏီများကိုလည်း အမေရိကန်နိုင်ငံသို့ တင်သွင်းမှုများကို အမည်ပျက်စာရင်းသွင်းကာ တားမြစ်ခဲ့ပါသေးတယ်။ ထို့အပြင် တရုတ်နိုင်ငံသားပိုင် social media app များဖြစ်ကြတဲ့ WeChat နဲ့ TikTok တို့ကိုလည်း ဆက်လက်၍ပိတ်ပင်တားမြစ်မှုများကို ချမှတ်ခဲ့ပါသေးတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။