U.S Justice Department filed a lawsuit against Google

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.10.2020 | အမေရိကန်တရားရေးရာဌာနမှ Google အပေါ် တရားစွဲဆိုမှုတစ်ရပ်ပြုလုပ်ခဲ့ 

ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က U.S တရားရေးရာဌာနမှ Google ဟာ အပြိုင်အဆိုင်ကုမ္ပဏီများကိုပိတ်ဆို့ခြင်း လုပ်ဆောင်ချက်များကို search and advertising ဈေးကွက်အတွင်း ပြုလုပ်လျှက်ရှိကာ ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားလျှက်ရှိသည်ဟူသည့် စွဲဆိုချက်တစ်ရပ်ဖြင့် တရားစွဲဆိုခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ်တွင် Apple ဟာ Google ရဲ့ search engine ကို Apple device များအားလုံးတွင် ကြိုတင်သတ်မှတ်ပေးထားသော search engine တစ်ခုဖြစ်စေရန်အတွက် သဘောတူညီချက်တစ်ရပ်ကို ဖြည့်စွက်ခဲ့ ပါတယ်။ New York Times ရဲ့ သတင်းများအရ  Apple က သူတို့ရဲ့ device များအပေါ်တွင် ထိုသို့ပြုလုပ်ပေးနေသည့် အတွက် Google ထံမှ တစ်နှစ်လျှင် 8 – 12 Billion ဒေါ်လာရရှိလျှက်ရှိနေသည်ဟု ဆိုပါတယ်။ ဒါဟာ Google က ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ပေးချေခဲ့ဖူးခြင်းမရှိသော များပြားလှတဲ့ ငွေပမာဏတစ်ခုဖြစ်ကာ Apple ရဲ့ နှစ်စဉ် အမြတ်ငွေများရဲ့ 14 – 21% အထိ ဟာ ထိုသဘောတူညီချက်ကနေ ရရှိခဲ့တာပဲဖြစ်ပါတယ်။ 

တရားသူကြီးများကတော့ ဒီ သဘောတူညီချက်ဟာ တရားမဝင်တဲ့ နည်းဗျူဟာများကိုအသုံးပြုပြီး Google က သူတို့ ရဲ့ဈေးကွက်လက်ဝါးကြီးအုပ်မှုကို ထိန်းသိမ်းထားနိုင်ရန်နှင့် အပြိုင်အဆိုင်ကုမ္ပဏီများကို ဖယ်ရှားရန်ပြုလုပ်ချက်တစ် ရပ်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ တရားရေးရာဌာနရဲ့အဆိုအရ Google ရဲ့ search traffic တစ်ဝက်နီးပါးခန့် ဟာ Apple device များထံမှ လာနေတာဖြစ်ပြီး Google ရဲ့ business model ဟာ ads (ကြော်ငြာ) များကို မှီခိုအားထားနေရတဲ့ စနစ်ဖြစ်နေတဲ့အတွက် ဒီသဘောတူညီချက်အားဆုံးရှုံးရခြင်းကို ကုမ္ပဏီအတွင်းတွင် အနီရောင်အဆင့် သတ်မှတ်ထားသည်ဟု ဆိုခဲ့ပါတယ်။ 

တရားရေးရာဌာနရဲ့ ဒီစွက်ဖက်မှုကြောင့် Apple ဟာ သူတို့ရဲ့ အမြတ်ငွေအတော်များများကို ဆုံးရှုံးရနိုင်ချေရှိနေပြီး Google အတွက်တော့ ပိုမို၍အန္တရာယ်ရှိနိုင်နေကာ သူတို့ရဲ့ traffic ကို ပြန်လည်အစားထိုးနိုင်မယ့် အခြားသောနည်းလမ်းရှိတော့မှာမဟုတ်ပါဘူး။ ထို့အပြင် ဒီကိစ္စရပ်ကြောင့် Apple က အခြားသော search engine တစ်ခုကို ဝယ်ယူခြင်း (သို့) ကိုယ်ပိုင်ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်လာနိုင်တဲ့အတွက် Google အနေနဲ့ Apple နဲ့ ပြန်လည်လက်တွဲနိုင်ဖို့ဟာ ဖြစ်နိုင်ချေနည်းပါးသွားပြီပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။