U.S Judge Ordered Apple to ease its App Store Rules 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.9.2021 | အမေရိကန်တရားရုံးမှ Apple အား သူတို့ရဲ့ App Store Rule များကို ဖြေလျှော့ပေးရန် အမိန့်ချမှတ်ခဲ့ 

စက်တင်ဘာလ ၁၀ ရက်နေ့တွင် Apple ရဲ့ App Store rule အချို့အား အမေရိကန်တရားရုံးမှ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အရ ဖယ်ရှားခံခဲ့ရကာ Apple အနေနဲ့ Developer များမှ User များကို အခြားသော Payment System များသို့ ပို့ဆောင်ခြင်းကို ခွင့်ပြုပေးရတော့မှာဖြစ်ပါတယ်။ ဒါဟာ Fortnite ဂိမ်းဖန်တီးသူ Epic Games နဲ့ အခြားသော app ဖန်တီးသူများမှ တစိတ်တပိုင်းအနိုင်ရခဲ့တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

သို့သော် Epic ရဲ့ တောင်းဆိုမှုများတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ app ဖန်တီးသူများအနေနဲ့ ကိုယ်ပိုင် in-app payment system များကို အသုံးပြုဖို့တော့ မရှိမဖြစ်လိုအပ်မှာမဟုတ်ပဲ Apple အနေနဲ့ သူတို့ရဲ့ in-app payment system အတွက် ကော်မရှင်ခအနေနဲ့ ၁၅% မှ ၃၀% အထိ ဆက်လက်ကောက်ခံခွင့်ကို ရရှိနေဦးမှာဖြစ်ပါတယ်။ 

အမေရိကန်တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ Apple ဟာ developer များကို သူတို့ရဲ့ app များအတွင်းတွင် customer များအား Apple ရဲ့ in-app purchase system မဟုတ်တဲ့ အခြားသောငွေပေးချေမှုပြုလုပ်နိုင်မည့် နည်းလမ်းများကို ခလုတ်များအနေနဲ့ဖော်ပြခြင်းအား ခွင့်ပြုပေးရတော့မှာဖြစ်တဲ့အပြင် developer များမှ သူတို့ရဲ့ app များပေါ်တွင် customer များ sign up ပြုလုပ်စဉ်က ရရှိထားတဲ့ contact information များကို အသုံးပြု၍ customer များနဲ့ ဆက်သွယ်မှုပြုလုပ်ခြင်းကိုလည်း ခွင့်ပြုပေးရတော့မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။