US Department of Justice seized 70,000 Bitcoins (About $1 Billion) from an illegal website.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.11.2020 | အမေရိကန်တရားရေးရာဌာနမှ Bitcoin 70,000 (အမေရိကန်ဒေါ်လာ ၁ဘီလျံခန့်) အား တရားမဝင် website တစ်ခုထံမှ သိမ်းယူခဲ့

BBC News မှသတင်းများအရ နိုဝင်ဘာလ ပထမအပတ်အတွင်းက crypto-currency စောင့်ကြည့်လေ့လာသူများမှ Bitcoin 70,000 (အမေရိကန်ဒေါ်လာ ၁ဘီလျံခန့်) ဟာ တရားမဝင် marketplace တစ်ခုဖြစ်တဲ့ Silk Road လို့ခေါ်သော website တစ်ခုနဲ့ဆက်စပ်နေတယ်လို့ ယူဆရတဲ့အကောင့်အတွင်းမှ ပြောင်းရွှေ့မှုများဖြစ်ပေါ်ခဲ့တာကို သတိထားမိခဲ့ကြပါတယ်။ Silk Road ဆိုသည်မှာ မူးယစ်ဆေးဝါးများ၊ ခိုးယူထားသော credit card များမှ လူသတ်သမားများအထိဌားရမ်း၊ ဝယ်ယူမှုပြုနိုင်သော online black market တစ်ခုပဲဖြစ်ပါတယ်။

Silk Road ကို အမေရိကန်အစိုးရမှ ၂၀၁၃ ခုနှစ်တွင် ပိတ်သိမ်းခဲ့ပြီးနောက် အဆိုပါ website ရဲ့တည်ထောင်သူ အား ၂၀၁၅ ခုနှစ်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ Third-party ကုမ္ပဏီတစ်ခုကိုအသုံးပြုပြီး အမေရိကန် Internal Revenue Service ရဲ့ Criminal Investigation Unit မှ Silk Road မှ ပြုလုပ်ခဲ့တဲ့ Bitcoin transaction များကို ခြေရာခံခဲ့ရာတွင်တော့ အဆိုပါဈေးကွက်အတွင်းရှိ ငွေကြေးများကို hack ပြီးရယူခဲ့သူဟု ယူဆရသူတစ်ဦးဖြစ်တဲ့ “Individual X” ကိုတွေ့ရှိခဲ့ပါတော့တယ်။ ထို့နောက်တွင်တော့ တရားဥပဒေစိုးမိုးရေး အရာရှိများမှ အဆိုပါငွေကြေးများကို နိုဝင်ဘာလ ၃ရက်နေ့တွင် လွှဲပြောင်းရယူခဲ့ပြီးနောက် အမေရိကန်တရားရေးရာဌာနမှ ယခုအခါတွင် အဆိုပါ ငွေကြေးများကို သက်သေအဖြစ်တင်သွင်းနိုင်ပြီဖြစ်တယ်ဟူ၍ ကြေငြာခဲ့ပါတယ်။

Silk Road ရဲ့ တည်ထောင်သူဖြစ်သူ Ross Ulbricht ဟာတော့ ယခုအခါတွင် ငွေကြေးခဝါချမှု၊ ကွန်ပြူတာ hacking နှင့် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုများတွင် အားပေးကူညီမှုတို့ဖြင့် တရားစီရင်ခံရပြီးနောက် နှစ်သက်နှစ်ကျွန်းပြစ်ဒဏ်ချမှတ်ခြင်းခံထားရပြီး ထောင်ထဲတွင်ပြစ်ဒဏ်အတွက်ပေးဆပ်နေဆဲဖြစ်ပါတယ်။

 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။