U.S Department of Justice formed a new team to tackle criminal activities in Cryptocurrency world

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.10.2021 | အမေရိကန်တရားရေးရာဌာနမှ Cryptocurrency လောကရှိ ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အဖွဲ့အသစ်တစ်ခုအားဖွဲ့စည်းခဲ့ 

အမေရိကန် တရားရေးရာဌာန (Department of Justice) မှ Cryptocurrency များကို ရာဇဝတ်မှုနှင့် တရားမဝင်သောလုပ်ရပ်များအတွက် သုံးစွဲနေခြင်းအား စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် အဖွဲ့တစ်ခုကိုဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။ 

၎င်းအဖွဲ့ကို အမျိုးသား Cryptocurrency စည်းကြပ်ရေးအဖွဲ့ (National Cryptocurrency Enforcement Team) ဟူ၍ အမည်ပေးထားပြီး NCET အနေနဲ့ virtual currency လဲလှယ်မှုများနှင့် ငွေကြေးခဝါချမှုတွင်ပါဝင်နေတဲ့ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို အဓိကထား၍ ကိုင်တွယ်မှုများကို ပြုလုပ်သွားမှာဖြစ်တဲ့အပြင် လိမ်လည်မှုများနဲ့ ransomware များကိုအသုံးပြု၍ ငွေညှစ်ခြင်းတို့ကြောင့် ဆုံးရှုံးသွားရတဲ့ ပိုင်ဆိုင်မှုများကို ပြန်လည်ခြေရာခံ၍ သိမ်းယူနိုင်ဖို့အတွက်ကိုလည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Department of Justice ရဲ့ ကြေငြာချက်အရ အဆိုပါအဖွဲ့ကို ငွေကြေးခဝါချမှုနှင့် ပိုင်ဆိုင်မှုများကို ပြန်လည်သိမ်းဆည်းရေးဌာန၊ ကွန်ပျူတာရာဇဝတ်မှုများနှင့် ဉာဏပိုင်ဆိုင်မှုဌာနများရှိ ကျွမ်းကျင်သူများကို ပေါင်းစည်း၍ ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အမေရိကန်တရားသူကြီးများရုံးခန်းမှ ကျွမ်းကျင်သူများကိုလည်း ထည့်သွင်းဖွဲ့စည်းထားကြောင်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။