US Commerce Department delayed the ban on TikTok

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.11.2020 | အမေရိကန်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ TikTok အပေါ်ပိတ်ဆို့မှုများကို ခေတ္တရပ်တန့်ခဲ့ 

BBC News သတင်းများအရ နိုဝင်ဘာ ၁၂ရက်နေ့တွင် စတင်သက်ရောက်မှုရှိမည်ဖြစ်သော TikTok အပေါ်တားမြစ်ပိတ်ဆို့မှုများကို အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခေတ္တရပ်တန့်ပေးခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ 

အဆိုပါပိတ်ဆို့မှုအမိန့်ဟာ အမေရိကန်နိုင်ငံအတွက် TikTok app ကို download ပြုလုပ်မှုအား တားမြစ်သွားဖို့ရှိနေသော်လည်း အမေရိကန်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဆိုပါပိတ်ဆို့မှုအားခေတ္တရပ်တန့်ပေးခဲ့ပြီး “တရားဝင်ဖြစ်စေရန်ဆက်လက်လုပ်ဆောင်သွားဖို့ရှိသည်” ဟူ၍ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်နိုင်ငံအတွင်းရှိနေသော TikTok အသုံးပြုသူပေါင်း သန်း ၁၀၀ ခန့်အတွက်ကိုတော့ စိတ်သက်သာရာရစေမှာဖြစ်ပြီး Philadelphia ပြည်နယ်တရားရုံးဆုံးဖြတ်ချက်တစ်ခုတွင်လည်း နာမည်ကျော်ကြားတဲ့ TikToker ၃ ဦးက အဆိုပါ app ကို အမေရိကန်နိုင်ငံအတွင်း ဆက်လက်၍ operate ပြုလုပ်နိုင်ခွင့်ပေးသင့်သည်ဟူသော ထုချေချက်တစ်ရပ်ကိုလည်း တင်သွင်းမှုပြုလုပ်ခဲ့ပါတယ်။ 

စက်တင်ဘာလအတွင်းက TikTok ရဲ့ပိုင်ရှင်ကုမ္ပဏီဖြစ်တဲ့ ByteDance က ထုတ်ပြန်ခဲ့သော ကြေငြာ ချက်တစ်ရပ်တွင် သူတို့ဟာ Walmart နှင့် Oracle တို့နဲ့ သဘောတူညီချက်တစ်ရပ်ကို ထားရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ သဘောတူညီချက်တွင် TikTok ရဲ့ အမေရိကန်နိုင်ငံအတွင်းရှိ ပိုင်ဆိုင်မှုများကို TikTok Global ဟုခေါ်တွင်မည့် သီးခြား app တစ်ခုအဖြစ် ပြောင်းရွှေ့ဖို့ကို သဘောတူညီချက်ထားခဲ့ပါတယ်။ အဆိုပါသဘောတူညီချက်ကို အမေရိကန်သမ္မတဟောင်း Donald Trump မှလည်း ထောက်ခံခဲ့ပါသေးတယ်။ သို့သော်လည်း နိုဝင်ဘာလ ၁၀ရက်နေ့တွင် TikTok မှ ပြောကြားခဲ့ရာတွင်တော့ သူတို့ဟာ လွန်ခဲ့သည့် ၂ လတာကာလအတွင်း အမေရိကန်နိုင်ငံအစိုးရထံမှ မည်သည့် အကြောင်းပြန်ချက်ကိုမှ ရရှိခဲ့ခြင်းမရှိသေးပါဟူ၍ ပြောကြားခဲ့ပါတယ်။ 

ယခင်က အမေရိကန်သမ္မတဟောင်း Trump မှ TikTok ကို အမေရိကန်ကုမ္ပဏီတစ်ခုခုထံသို့ ရောင်းချစေလိုကြောင်း ပြောကြားခဲ့ဖူးပြီး Trump နှင့် ပြည်နယ်အတွင်းရေးမှုး Mike Pompeo တို့ နှစ်ဦးစလုံးမှ အမေရိကန်နိုင်ငံသူ/ နိုင်ငံသား အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို TikTok မှ တရုတ်အစိုးရထံသို့ ပေးပို့နိုင်ခြေရှိနေကြောင်းကိုလည်း မကြာမကြာပြောကြားလေ့ရှိကြပါတယ်။ သို့သော်လည်း အဆိုပါအချက်ကို ပြသနိုင်ကြောင်းသက်သေ မရှိသေးတဲ့အပြင် TikTok မှလည်း အဆိုပါစွပ်စွဲချက်များအားလုံးကို ဟုတ်မှန်မှုမရှိကြောင်းငြင်းဆိုခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။