Unity bought a visual effect studio of an Oscar winning director Sir Peter Jackson

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.11.2021 | အော်စကာဆုရ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Sir Peter Jackson ရဲ့ visual effects studio အား Unity မှ ဝယ်ယူခဲ့

အော်စကာဆုရ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Sir Peter Jackson မှ ပူးတွဲတည်ထောင်ခဲ့သော New Zealand နိုင်ငံအခြေစိုက် visual effects studio တစ်ခုအား မကြာသေးမှီက ကန်ဒေါ်လာ ၁.၆  ဘီလျံခန့်ဖြင့် ရောင်းချလိုက်ပြီဖြစ်ကြောင်း BBC မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။

Weta Digital လို့အမည်ရတဲ့ အဆိုပါကုမ္ပဏီဟာ ယခင်က Lord of the Rings နဲ့ Avatar ကဲ့သို့သော ဇာတ်ကားများတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ဖူးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုအခါ အဆိုပါကုမ္ပဏီကို ဝယ်ယူလိုက်တဲ့ လုပ်ငန်းကတော့ game software ကုမ္ပဏီတစ်ခုဖြစ်တဲ့ Unity ပဲဖြစ်ပါတယ်။

Unity technology ဟာ Pokémon Go နဲ့ Call of Duty: Mobile ကဲ့သို့သော ဂိမ်းများရဲ့နောက်ကွယ်က ကုမ္ပဏီတစ်ခုဖြစ်ပြီး “Unity နဲ့ Weta Digital တို့အတူတကွပူးပေါင်း၍ မည်သည့်လုပ်ငန်းနယ်ပယ်အတွင်းမှ မည်သည့်အနုပညာရှင်များမဆို ၎င်းတို့ရဲ့ creative ဖြစ်၍ စွမ်းဆောင်ရည်ကောင်းမွန်မှုရှိတဲ့ tool များကို အသုံးချနိုင်ဖို့အတွက် လမ်းကြောင်းအသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်တော့မှာဖြစ်ပါတယ်” ဟူ၍ Sir Peter မှ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။