Uncharted Remains at the top of Weekend Box Office As It Crosses $220 Million Globally

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.3.2022 | ကမ္ဘာတစ်ဝှမ်းတွင် ဝင်ငွေ သန်းပေါင်း ၂၂၀ ကျော် ရရှိသွားခဲ့တဲ့အတွက် Weekend Box Office စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသော Uncharted

The Uncharted ရုပ်ရှင်ဇာတ်ကားဟာ weekend domestic box office တွင် ထပ်ဆုံးမှရပ်တည်လျှက်ရှိနေပြီး ရုပ်ရှင်လက်မှတ်ရောင်းချရမှုတွင် ကန်ဒေါ်လာ ၂၃.၂ သန်းရရှိခဲ့သည့်အပြင် ကမ္ဘာတစ်ဝှမ်းတွင် ဝင်ငွေစုစုပေါင်း ကန်ဒေါ်လာ သန်း ၂၂၀ အထိ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

Variety မှ သတင်းကြေငြာချက်အရ Uncharted ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်ရုံများတွင် ဒုတိယအပတ်ပြသရာတွင် ပြည်တွင်းရောင်းချမှုစုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၈၃.၃ သန်း ရရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်တော့ ဈေးကွက် ၆၄ ခုမှ စုစုပေါင်း ကန်ဒေါ်လာ ၃၅ သန်း ဝင်ငွေရရှိခဲ့ပြီး စုစုပေါင်းအနေနဲ့ ကန်ဒေါ်လာ ၁၄၃ သန်းရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီအောင်မြင်မှုတွင် တရုတ်နိုင်ငံတွင် ပြသမှုအတွက် ဝင်ငွေပါဝင်ခြင်းမရှိသေးပဲ တရုတ်နိုင်ငံတွင်တော့ မတ်လ ၁၄ ရက်နေ့တွင်မှ The Uncharted ရုပ်ရှင်ဇာတ်ကားကို ပြသသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။