Ukrainian Ministry of Defense suffered a DDoS attack

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.2.2022 | ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန ကို DDoS တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ 

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် - ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ website အား အသုံးပြုသူများမှ ဝင်ရောက်ကြည့်ရှု၍မရနိုင်စေရန်အတွက် DDoS တိုက်ခိုက်မှုတစ်ရပ်ပြုလုပ်ခဲ့ခြင်းနဲ့ တွေ့ကြုံခဲ့ရပြီး ယူကရိန်းနိုင်ငံအတွင်းရှိ ဘဏ် (၂) ခုဟာလည်း online banking ဝန်ဆောင်မှုများကို ပြုလုပ်၍ မရနိုင်ဖြစ်ခဲ့ရတယ်လို့ ယူကရိန်းအစိုးရမှ ထုတ်ပြန်ကြေငြာချက်အရ သိရှိရပါတယ်။ 

ဒေသစံတော်ချိန် (၇) နာရီ (12PM ET) ခန့်တွင် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ Twitter ပေါ်တွင် ပြုလုပ်ထားတဲ့ tweet တစ်ခုအရ ၎င်းတို့ရဲ့ website ဟာ DDoS တိုက်ခိုက်မှုတစ်ရပ်နှင့် တွေ့ကြုံနေရပြီး ဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်မှုများကို ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်းဘဏ် (၂) ခုဟာလည်း denial-of-service attack တစ်မျိုးကြောင်း ATM များ offline ဖြစ်သွားခဲ့ပြီး အချို့သော အသုံးပြုသူများဟာ ငွေကြေးများကို ထုတ်ယူခြင်း၊ လွှဲပြောင်းပေးပို့ခြင်းများကို Online မှ တဆင့် ပြုလုပ်၍ မရနိုင်ပဲဖြစ်ခဲ့ရပါတယ်။ 

ယူကရိန်းအစိုးရဌာနရဲ့ Center for Strategic Communications ဌာနမှ ထုတ်ပြန်ချက်အရ - PrivatBank ဟာ “ကြီးမားတဲ့ DDoS တိုက်ခိုက်မှုတစ်ရပ်” ကို တွေ့ကြုံခဲ့ရပြီး payment ပြုလုပ်ခြင်း၊ လက်ကျန်ငွေစစ်ဆေးခြင်းအပါအဝင် များစွာသော online banking ဝန်ဆောင်မှုများကို အသုံးပြု၍မရနိုင်ဖြစ်ခဲ့ရသော်လည်း အဓိက banking ဝန်ဆောင်မှုများနဲ့ သုံးစွဲသူများရဲ့ ငွေကြေးများကိုတော့ ထိခိုက်နစ်နာမှုတစ်စုံတစ်ရာ မဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။ Oschadbank ဟာလည်း online banking ဝန်ဆောင်မှုများရပ်တန့်သွားခဲ့တယ်လို့ ကြေငြာချက်အရ သိရှိရပါတယ်။ နောက်ထပ်နာရီအနည်းငယ်အကြာမှာတော့ ဘဏ်များရဲ့ဝန်ဆောင်မှုများအားလုံးကို ပုံမှန်ပြန်လည်အသုံးပြု၍ ရနိုင်ပြီဖြစ်တယ်လို့ ယူကရိန်းနိုင်ငံအစိုးရမှ ထပ်မံကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။