UK tax authorities seized NFTs for the first time

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.2.2022 | UK အခွန်ဌာနမှ ပထမဆုံးအကြိမ်အဖြစ် NFT များကို ဖမ်းယူသိမ်းဆည်းခဲ့ 

UK ရဲ့ အခွန်ဌာနဖြစ်တဲ့ Her Majesty’s Revenue and Customs (HMRC) ဟာ NFT များကို သိမ်းဆည်းမှုပြုလုပ်ခဲ့ရတဲ့ ပထမဆုံးအဖွဲ့အစည်းတစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့တယ်လို့ BBC မှ သတင်းတစ်ပုဒ်အရသိရှိရပါတယ်။ 

အဆိုပါ သိမ်းဆည်းမှုဟာ ဗြိတိန်ပေါင်ငွေ ၁.၄ သန်းတန်ကြေးရှိ လိမ်လည်မှုတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး အဆိုပါလိမ်လည်မှုတွင် ပါဝင်ပတ်သက်နေသူ ၃ ဦး ကိုဖမ်းဆည်းခဲ့ပြီး ဗြိတိန်ပေါင်ငွေ ၅,၀၀၀ တန်ကြေးရှိ crypto ပိုင်ဆိုင်မှုများနှင့် တန်ဖိုးဆုံးဖြတ်သတ်မှတ်ရခြင်းမရှိသေးတဲ့ NFT အနုပညာလက်ရာ ၃ ခုတို့ကို သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Crypotcurrency များရဲ့ဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ အာဏာပိုင်များရဲ့ ဖမ်းဆည်းသိမ်းယူမှုများကိုလည်း ပိုမို၍တွေ့မြင်နေရပါတယ်။ ယခုလအတွင်းကလည်း အမေရိကန် Department of Justice ဌာနဟာ ၂၀၁၆ ခုနှစ် Bitfinex hack အမှုနှင့် ဆက်စပ်နေသည့် ကန်ဒေါ်လာ ၃.၆ ဘီလျံတန်ဖိုးရှိသော crypocurrency များကို သိမ်းယူမှုပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။