UK Government announce plans to allow self-driving cars on the roads this year

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.5.2021 | UK အစိုးရမှ အလိုအလျှောက်မောင်းနှင်နိုင်သည့်ကားများကို ယခုနှစ်အတွင်း လမ်းများပေါ်တွင် ခွင့်ပြုသွားရန် စီစဉ်လျှက်ရှိကြောင်း ကြေငြာခဲ့

UK နိုင်ငံ အစိုးရမှ “အလိုအလျှောက်မောင်းနှင်နိုင်သည့်” ယာဉ်များကို UK ၏ လမ်းများပေါ်တွင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ခွင့်ပြုသွားမည်ဟု ကြေငြာလိုက်ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးဌာနကတော့ အဆိုပါ Automated Lane-Keeping System (ALKS) များဟာ ပထမဆုံး တရားဝင်ခွင့်ပြုချက်ရရှိသော အလိုအလျှောက်မောင်းနှင်မှုအမျိုးအစားဖြစ်လာမည်ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

အဆိုပါနည်းပညာဟာ ယာဉ်ကြောတစ်ခုအပေါ်တွင် တည်နေရာနှင့် မြန်နှုန်းကို ထိန်းချုပ်ပေးနိုင်ပြီး 37 mph (60 km/h) မြန်နှုန်းဖြင့်သာ မောင်းနှင်နိုင်မည်ဖြစ်သည်။ UK နိုင်ငံ အစိုးရမှ တည်ပြုပြောကြားချက်အရ အလိုအလျှောက်မောင်းနှင်မှု ပြုလုပ်နေစဉ်အတွင်း မောင်းနှင်သူမှ ယာဉ်လမ်းကြောကို စောင့်ကြည့်ခြင်းနှင့် စတီယာရင်တိုင်ပေါ်သို့ လက်တင်ထားခြင်းတို့ ပြုလုပ်စရာမလိုကြောင်း သိရှိရပါတယ်။

သို့သော် မောင်းနှင်သူအနေနဲ့ သတိရှိရှိနေထိုင်ရမှာဖြစ်ပြီး System မှ လိုအပ်၍ လူကိုယ်တိုင်ပြန်လည်ထိန်းချုပ်ဖို့ တောင်းဆိုလာတဲ့အခါမှာ ၁၀ စက္ကန့်အတွင်း ပြန်လည်မောင်းနှင်နိုင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ မောင်းနှင်သူမှ တုန့်ပြန်ဖို့ နောက်ကျသွားခဲ့ပါက အလိုအလျှောက်မောင်းနှင်နေသည့် ယာဉ်မှ နောက်မီးများကို အလိုအလျှောက်ဖွင့်ပြီး အနီးအနားရှိယာဉ်များကို အသိပေးသွားမှာဖြစ်သလို တဖြည်းဖြည်းအရှိန်နှေးလာပြီးနောက် လုံးဝရပ်တန့်သွားမှာဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။