UK bans Huawei from 5G networks Because of the decision of Trump

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.7.2020 | UK ဟာလည်း “Trump အစိုးရရဲ့ Huawei အပေါ်ပိတ်ဆို့မှုများကြောင့်” Huawei ကို 5G network များတွင် အသုံးမပြုရန်တားမြစ်

UK အစိုးရဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က 5G wireless network များတွင် Huawei မှထုတ်လုပ်သည့်ပစ္စည်းများကို အသုံးမပြုကြရန်တားမြစ်မှုတစ်ရပ်ကိုထုတ်ပြန်ခြင်းနဲ့အတူ အိမ်သုံးအင်တာနက်ဝန်ဆောင်မှုပေးသူများအနေနဲ့ Huawei ရဲ့ထုတ်ကုန်များကို ဆက်လက်ဝယ်ယူခြင်းမပြုကြစေရန်တိုက်တွန်းနိုင်မည့် အစီအစဉ်တစ်ရပ်လည်း ပါဝင်ခဲ့ပါတယ်။ UK အစိုးရရဲ့ အဆိုပါကြေငြာမှုတစ်ရပ်အတွက် ဆုံးဖြတ်မှုပြုလုပ်ရာတွင် ေမလအတွင်းက ပြုလုပ်ခဲ့တဲ့ US ရဲ့ ပိတ်ဆို့မှုများဟာ ကြီးစွာသော အကျိုးသက်ရောက်မှုရှိခဲ့ပြီး “ထိုနေ့က ဝန်ကြီးချုပ် Boris Johnson မှ ကြီးကြပ်ကျင်းပတဲ့ National Security Council (NSC) အစည်းအဝေးတွင် အဆိုပါဆုံးဖြတ်ချက် ကိုချမှတ်ခဲ့တာဖြစ်တယ်”လို့ သိရှိရပါတယ်။ 

“US ရဲ့ Huawei အပေါ်ပိတ်ဆို့မှုများ နဲ့ ကျွန်ုပ်တို့ရဲ cyber ကျွမ်းကျင်သူများရဲ့ နည်းပညာဆိုင်ရာ အကြံပေးချက်များအပြီးတွင်တော့ ကျွန်ုပ်တို့ရဲ့အစိုးရအဖွဲ့ဟာ Huawei ကို ကျွန်တော်တို့ရဲ့ 5G Network များ၌ အသုံးမပြုသွားရန်တားမြစ်ဖို့လိုအပ်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်” ဟူ၍ UK Digital Secretary တစ်ဦးဖြစ်သူ Oliver Dowden က ကြေငြာမှုတစ်ရပ်တွင်ပြောဆိုခဲ့ပါတယ်။ 

ဥပဒေအသစ်တွင် “Huawei ရဲ့ 5G ထုတ်ကုန်အသစ်များကိုထပ်မံဝယ်ယူခြင်းကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃၁ရက် နောက်ပိုင်းတွင် ခွင့်ပြုတော့မှာမဟုတ်ပါဘူး။” ထို့နောက် “Huawei ကို UK ရဲ့ 5G network များမှ ၂၀၂၇ ခုနှစ်နောက် ဆုံးထားပြီး လုံးဝဖယ်ရှားသွားမှာဖြစ်ပါတယ်။” ထိုနေ့က ပြုလုပ်ခဲ့တဲ့ကြေငြာမှုတစ်ရပ်ဟာ ယခင်က တားမြစ်ထားတဲ့ Huawei ထုတ်ကုန်များကို ထိခိုက်လွယ်တဲ့၊ အမှားမခံတဲ့ 5G network များရဲ့ အဓိကနေရာများ တွင်အသုံးမပြုကြရန် တားမြစ်ချက်တစ်ရပ်ကို ထပ်မံချဲ့ထွင်ခဲ့တာပဲဖြစ်ပါတယ်ဟုလည်း UK က ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။ 

အမေရိကန်ကပြုလုပ်ခဲ့တဲ့ ပိတ်ဆို့မှုများရဲ့ အကျိုးရလာဒ် 

UK က ရှင်းလင်းပြောကြားခဲ့သည်မှာ “US ရဲ့ Huawei အပေါ်ပိတ်ဆို့မှုများဟာ ၎င်းတို့အနေနဲ့ US semiconductor technology အပေါ် အခြေခံတည်ဆောက်ထားတဲ့ကုန်ကြမ်းပစ္စည်းများကို ရရှိဖို့ မဖြစ်နိုင် တော့ဘူးလို့ဆိုပါတယ်။” National Cyber Security Centre (NCSC) တွင်ရှိတဲ့ UK ရဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများဟာ အဆိုပါပိတ်ပင်မှုရဲ့ အကျိုးဆက်များကိုလေ့လာအကဲဖြတ်ခဲ့ကြပြီးနောက် Huawei ဟာ သူတို့ အားကိုးအားထားပြုနေရတဲ့နည်းပညာကို ရရှိနိုင်တော့မှာမဟုတ်တဲ့အတွက် သူတို့ရဲ့ supply chain ကို အကြီးစားပြင်ဆင်မှုတွေပြုလုပ်ရန်လိုအပ်နေပြီး UK ဖက်မှ ယူဆတာကတော့ ဒီအရာကိုပြင်ဆင်နိုင်ဖို့ အခြား နည်းလမ်းလည်းမရှိနေဘူးလို့ ခိုင်ခိုင်မာမာယုံကြည်နေပါတယ်။ ဒီတားမြစ်မှုအသစ်များကြောင့် Huawei ရဲ့ထုတ်ကုန်များဟာ အနာဂါတ်တွင်လုံခြုံရေးအတွက် အာမခံနိုင်တော့မှာမဟုတ်ဘူးဆိုတာကိုလည်း တွေ့ရှိရပါ တယ်” ဟူ၍ UK ဖက်မှပြောဆိုခဲ့ပါတယ်။ 
 

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။