UK announced to build a new supercomputer for climate and weather with the help of Microsoft

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.5.2021 | Microsoft ရဲ့အကူအညီဖြင့် UK တွင် မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ Supercomputer တစ်လုံးအား တည်ဆောက်သွားမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်

ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာခန့်မှန်းရေးအတွက် Supercomputer တစ်လုံးအား Microsoft ရဲ့အကူအညီဖြင့် ဆက်လက်တည်ဆောက်သွားတော့မှာဖြစ်ကြောင်း UK မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ နိုင်ငံပိုင် မိုးလေဝသဝန်ဆောင်မှုဌာနတစ်ခုဖြစ်တဲ့ the Met Office ဟာ Microsoft နဲ့ ဗြိတိန်ပေါင်သန်းပေါင်းများစွာတန်ကြေးရှိ အဆိုပါသဘောတူညီချက်ကို ချုပ်ဆိုလိုက်ပြီဖြစ်ပြီး ထိုအရာကို UK နိုင်ငံအစိုးရမှလည်း ပေါင်ငွေ ၁.၂ ဘီလျံအထိ ထောက်ပံ့ပေးသွားဖို့အတွက် ယခင်ကတည်းက သတ်မှတ်ပြီးသား ပဲဖြစ်ပါတယ်။

UK တွင် ယခင်ကတည်းက တစ်စက္ကန့်လျှင် တွက်ချက်မှုပေါင်း ၁၆,၀၀၀ ထရီလီယံခန့်ကို လုပ်ဆောင်နိုင်စွမ်းရှိတဲ့ မိုးလေဝသအတွက် Supercomputer တစ်လုံးလည်းရှိနေပြီးဖြစ်သော်လည်း ယခုအသစ်တည်ဆောက်မည့် Supercomputer ဟာ ထိုထက် (၂) ဆ ပိုမို၍ စွမ်းဆောင်ရည်ကောင်းမွန်လာမှာဖြစ်ပါတယ်။ ပိုမိုတိကျတဲ့ ရာသီဥတုဆိုင်ရာခန့်မှန်းချက်များကို ရရှိနိုင်ခြင်းအားဖြင့် UK ဟာ သူတို့ရဲ့ မြို့များနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ပြင်းထန်တဲ့ ရာသီဥတုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မျှော်လင့်ထားလျှက်ရှိနေပါတယ်။

အဆိုပါ Supercomputer စနစ်ကို UK နိုင်ငံတောင်ပိုင်းတွင်ထားရှိသွားမှာဖြစ်ပြီး ရာနှုန်းပြည့် ပြန်လည်သုံးစွဲ၍ရသော စွမ်းအင်များနဲ့ စွမ်းအင်ပေးသွားမှာဖြစ်တဲ့အတွက် ပထမဆုံးစတင်၍ လည်ပတ်သည့်နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်မှုကိုလည်း ၇,၄၁၅ တန်အထိ လျှော့ချပေးနိုင်ဖို့အတွက် ခန့်မှန်းထားလျှက်ရှိနေပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။