Ubisoft is Considering To Sell Their Games on Steam Deck

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.8.2021 | Steam Deck ရဲ့ Platform ပေါ်တွင် ဂိမ်းများကို ရောင်းချသွားရန်အတွက် Ubisoft မှ စောင့်ကြည့်လျှက်ရှိနေ 

IGN မှသတင်းတစ်ပုဒ်အရ - မကြာသေးမှီက Steam နဲ့ လက်တွဲဖြုတ်ခဲ့တဲ့ Ubisoft ဟာ ယခုအခါတွင် Valve ရဲ့ handheld gaming device အသစ်ဖြစ်တဲ့ Steam Deck ကြောင့် ပြန်လည်၍အကျိုးတူပူးပေါင်းမှုများကို ပြုလုပ်သွားရန် စဉ်းစားလျှက်ရှိနေနိုင်ကြောင်း သိရှိရပါတယ်။ 

ဂျူလိုင်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သူတို့ရဲ့ First Quarter Earnings အစည်းအဝေးပွဲတွင် ရင်းနှီးမြှုပ်နှံသူတစ်ဦးမှ အနာဂါတ်တွင် Ubisoft ရဲ့ game များကို Steam Deck ပေါ်သို့တင်၍ ရောင်းချဖို့အစီအစဉ် ရှိ၊ မရှိ အပေါ် Ubisoft CEO ဖြစ်သူ Yuves Guillemot ရဲ့ အမြင်ကို မေးမြန်းခဲ့ရာတွင် -  

Yuves က “ဒီလုပ်ငန်းနယ်ပယ်အတွင်းမှာ Steam Deck ထွက်ပေါ်လာခြင်းကို အလွန်ပဲဝမ်းမြောက်မိပါတယ်။ ဒါဟာဈေးကွက်အတွင်းသို့ ပိုမို၍ဆန်းသစ်တဲ့ hardware တွေ အများကြီးထွက်ပေါ်လာနိုင်သေးကြောင်းကို ပြသနေတဲ့ နမိတ်လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။” “ဒါကြောင့် ဒီအရာက ဘယ်လောက်အထိ တွင်ကျယ်လာမလဲဆိုတာကို စောင့်ကြည့်ပြီး အသုံးပြုတဲ့သူအရေအတွက် လုံလုံလောက်လောက်ရှိလာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဂိမ်းများကိုလည်း ဒီပေါ်မှာ ရောင်းချသွားဖို့ရှိပါတယ်။” ဟူ၍ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။