Uber will now let drivers and riders record audio during trips for safety

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.12.2021 | လုံခြုံမှုရှိစေရေးအတွက် ယခုအခါ Uber ဌားရမ်းစီးနင်းစဉ်အတွင်း ယာဉ်မောင်းများနှင့် passenger များမှ အသံသွင်းဖမ်းယူမှုများကို ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်းကြေငြာ

Uber မှ ၎င်းတို့ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းတို့ဟာ အသံသွင်းဖမ်းယူမှုများကို ပြုလုပ်နိုင်မည့် လုပ်ဆောင်ချက်ကို အမေရိကရှိ မြို့ကြီး (၃) မြို့တွင် ယခုလနှောင်းပိုင်းမှစတင်၍ အသုံးပြုနိုင်ရန်အတွက် ပြုလုပ်လျှက်ရှိနေကြောင်း ကြေငြာမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

Uber စီးနင်းခြင်းမပြုလုပ်မှီတွင် passenger များနှင့် ယာဉ်မောင်းများအနေနဲ့ ဒီလုပ်ဆောင်ချက်ကို app ရဲ့ Safety Toolkit မှ ဒိုင်းကာပုံသဏ္ဍန် icon လေးကိုနှိပ်၍ “Record Audio” ကို ရွေးချယ်ပေးခြင်းအားဖြင့် စတင်နိုင်မှာဖြစ်ပြီး passenger များရော ယာဉ်မောင်းများကပါ လမ်းကြောင်းတစ်ခုစီတိုင်းအတွက် သီးသန့် recording များပြုလုပ်နိုင်ကြမှာဖြစ်ပြီး ယာဉ်မောင်းသူများကတော့ ဒီလုပ်ဆောင်ချက်ကို Uber ဌားရမ်းသူများအား လိုက်လံရှာဖွေနေစဉ်အတွင်းတွင်လည်း ဆက်လက်၍ဖွင့်ထားနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ Passenger ကို ဒီ app မှ အကယ်၍ ယာဉ်မောင်းသူဘက်က အဆိုပါလုပ်ဆောင်ချက်ကို အသုံးပြုနေခြင်း ရှိ/ မရှိကိုလည်း အသိပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ Uber ဟာ လက်တင်အမေရိကတွင်လည်း အဆိုပါ အသံသွင်းဖမ်းယူခြင်း လုပ်ဆောင်ချက်ကို ၂၀၁၉ ခုနှစ်က စတင်ထုတ်လွှင့်ပေးခဲ့တယ်လို့ သိရှိရပါတယ်.

ဒီဆောင်ရွက်ချက်ဟာ မော်တော်ကားဌားရမ်းစီးနင်းစဉ်အတွင်း အသံသွင်းဖမ်းယူမှုပြုလုပ်ထားနိုင်မည့် ပထမဆုံး In-app feature တစ်ခုဖြစ်လာမှာဖြစ်ပြီး Uber အနေနဲ့ ယာဉ်မောင်းသူများမှ ၎င်းတို့ရဲ့ကိုယ်ပိုင် dashcam များကို အသုံးပြု၍ စီးနင်းမှုတိုင်းကို recording ပြုလုပ်ထားခြင်းကိုလည်း နယ်မြေခံဥပဒေများနဲ့ ကိုက်ညီမှုရှိပါက ပြုလုပ်ခွင့်ပေးထားတယ်လို့ သိရှိရပါတယ်။ အသံသွင်းဖမ်းယူထားတဲ့ ဖိုင်များရဲ့ လုံခြုံရေးနဲ့ပတ်သက်၍တော့ အဆိုပါဖိုင်များအားလုံးကို အသုံးပြုသူများရဲ့ device များအတွင်းတွင် encrypt ပြုလုပ်၍ သိမ်းဆည်းထားမှာဖြစ်ပြီး Uber အပါအဝင် မည်သူတစ်ဦးတစ်ယောက်ကမှ အဆိုပါအသံဖိုင်များကို နားဆင်နိုင်မှာမဟုတ်ပါဘူးလို့ သိရှိရပါတယ်။ အကယ်၍ ယာဉ်မောင်းနှင်သူဘက်မှ (သို့မဟုတ်) စီးနင်းသူဘက်မှ safety report တင်၍ တိုင်ကြားမှုပြုလုပ်လိုတဲ့အခါမှသာ အဆိုပါ အသံဖိုင်ကို attach တွဲ၍ ပေးပို့နိုင်မှာဖြစ်ပြီး သေချာစွာလေ့ကျင့်ထားတဲ့ Uber safety agent တစ်ဦးမှ အဆိုပါ recording ကို ပြန်လည်၍ decrypt ပြုလုပ်ပြီး စစ်ဆေးမှုနှင့် အကဲဖြတ်မှုများကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။