Uber got sued by a man who got permanent disability in a crash

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.2.2022 | Uber ကို ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အမြဲတမ်းမလှုပ်ရှားနိုင်ဖြစ်သွားခဲ့ရသူတစ်ဦးမှ တရားစွဲဆိုမှုပြုလုပ်ခဲ့ 

အမေရိကန်နိုင်ငံ၊ မန်ဆာချူးဆက်ပြည်နယ်ရှိ လူတစ်ဦးဟာ Uber ကို သူတွေ့ကြုံခဲ့ရသော ယာဉ်တိုက်မှုတွင် တာဝန်ရှိသော အန္တရာယ်များတဲ့ပစ်မှုမှတ်တမ်းရှိသူတစ်ဦးကို driver အဖြစ်ဌားရမ်းမှုပြုလုပ်ခဲ့ပြီး ထိုသူကို အမြဲတမ်းလှုပ်ရှား၍မရနိုင်ဖြစ်သွားစေခဲ့တဲ့အတွက် ကန်ဒေါ်လာ ၆၃ သန်းရလိုမှုဖြင့် တရားစွဲဆိုမှုပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ 

Will Good (တရားလို) ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် သူ့ရဲ့အလုပ်မှ အိမ်သို့အပြန်ခရီးတွင် Uber ဌားစီးခဲ့တာဖြစ်ပြီး driver က ယာဉ်မောင်းနှင်နေစဉ်တွင် အရှိန်ပြင်းပြင်းနှင့် ကွေ့လိုက်သောကြောင့် ရပ်ထားတဲ့ကားတစ်စီးကို တိုက်မိခဲ့ပြီး Good ဟာလည်း သူ့ရဲ့ခေါင်းကိုဆောင့်မိတဲ့ဒါဏ်ကြောင့် အမြဲတမ်းလှုပ်ရှား၍မရနိုင်ဖြစ်သွားခဲ့ရတယ်လို့ Suffolk အထက်တရားရုံးတွင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ကပြုလုပ်ခဲ့တဲ့ တရားစွဲဆိုမှုမှတ်တမ်းများအရ သိရှိရပါတယ်။ 

အဆိုပါတရားစွဲဆိုမှုမှတ်တမ်းများအရ ယာဉ်မောင်းနှင်သူမှာ ၁၉၉၆ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ ယာဉ်တိုက်မှုပေါင်း ၂၀ ကျော်ဖြစ်ပွားခဲ့သူတစ်ဦးဖြစ်တယ်လို့ ဆိုထားပြီး ယခင်ကလည်း မန်ဆာချူးဆက်ပြည်နယ်တွင် ယာဉ်မောင်းသင်တန်းကို ပြန်လည်တက်ရောက်ဖို့အတွက် အမိန့်ချမှတ်ခံခဲ့ရဖူးကြောင်း ဆိုထားခဲ့ပါတယ်။ 

Good ရဲ့ တရားစွဲဆိုမှုတွင် - Uber ဟာ ဒီကဲ့သို့သော အန္တရာယ်ရှိတဲ့ ယာဉ်မောင်းမျိုးကို ၎င်းတို့ရဲ့ platform ပေါ်တွင် ဌားရမ်းခေါ်ယူမှုပြုလုပ်မထားသင့်ပဲ ထိုသူကို ယခုကဲ့သို့ သူတို့ရဲ့ platform နှင့်ချိတ်ဆက်၍ မောင်းနှင့်ခွင့်ပေးထားခြင်းဟာ William Good အပါအဝင် အခြားသူများရဲ့ ကျန်းမာရေး၊ လုံခြုံရေးနှင့် ကောင်းကျိုးစီးပွားများကို ပျက်စီးစေခဲ့တယ်လို့ စွဲဆိုချက်ပြုလုပ်ထားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။