Twitter vs. Donald trump

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.6.2020 | Twitter နှင့် အမေရိကန် သမ္မတ Donald Trump

Twitter က Donald Trump ရဲ့ tweet (ပို့စ်) ကို သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ၎င်း tweet ကို ပြန်လည်ပြင်ဆင်မှု ပြုလုပ်ခဲ့ပါတယ်။ 

အဆိုပါ အမေရိကန်သမ္မတကတော့ ဒီအဖြစ်အပျက်ကို လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကိုတားမြစ်ခြင်း လို့ပြောဆိုခဲ့ပါတယ်။ Donald Trump တင်ခဲ့တဲ့ပို့စ်နဲ့ တူညီတဲ့ မှားယွင်းတဲ့သတင်းဖြန့်ဝေမှုပြုလုပ် နေတဲ့ နောက်ထပ် tweet တစ်ခုရဲ့အောက်မှာလဲ သတင်းအမှား တွေဖြန့်ဝေမှုအတွက် သတိပေးချက် တစ်ရပ်ထပ်မံပြုလုပ်ခဲ့ပါသေးတယ်။ (၂) ရက်အကြာတွင်တော့ Twitter ဟာ လူတွေ(ဆန္ဒပြသူတွေ) ကိုပစ်ခတ်မှုများဖြစ်လာနိုင်တယ်လို့ Trump ကကြေငြာထား တဲ့ tweet ကို “အကြမ်းဖက်မှုကို အားပေးအားမြှောက်“ တဲ့ပုံစံဖြစ်နေတဲ့အတွက် hide လုပ်ခဲ့တယ် လို့ကြေငြာခဲ့ပါတယ်။ အဆိုပါ tweet တွင် Trump မှ “ခိုးယူ၊ လုယက်မှုများ စဖြစ်လာရင်တော့ ပစ်ခတ်မှုတွေလဲ စတင်လာမယ်“ လို့ သတိပေးပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ဒီအရာဟာ Twitter နဲ့ Trump အကြား စစ်ပွဲတစ်ခုနဲ့ပင် အလားသဏ္ဍန်တူနေပါတယ်။ ဒီပြဿနာများဟာ Trump မှ သူ့ရဲ့အကောင့် ကိုမဖျက်မခြင်း တရိပ်ရိပ်တိုးပွားမှုရှိနေဦးမှာဖြစ်ပြီး၊ အမြဲလိုလို စည်းမျဉ်းချိုးဖောက်မှုများ ကိုကြည့်လျှင် ဒီကိစ္စရပ်များဟာ အဆုံးသတ်တော့မဟုတ်သေးပါဘူး။ ဖတ်ရှုရန် - Twitter မှ Trump ရဲ့ tweet ကို “ အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုတဲ့အတွက် hide လုပ်ခဲ့ပါတယ်။

ထို့အတူပဲ Twitter ဟာ တရုတ်နိုင်ငံခြားရေးရာဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူမှတင်ခဲ့တဲ့ပို့စ်ကို လည်းမှန်ကန်မှုမရှိကြောင်း သတ်မှတ်ခဲ့ပါတယ်။ အဆိုပါ tweet တွင် ထိုသူက ကိုရိုနာဗိုင်းရပ်စ်ဟာ အမေရိကန်နိုင်ငံက စတင်ခဲ့တယ်လို့ စွပ်စွဲခဲ့တာပဲဖြစ်ပါတယ်။ 
 

(Unicode) 




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။