Twitter removes tweets criticizing India’s response to COVID-19 pandemic

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.5.2021 | အိန္ဒိယနိုင်ငံ၏ COVID-19 ကပ်ရောဂါတုန့်ပြန်ကိုင်တွယ်ပုံများအား ဝေဖန်ထောက်ပြထားသည့် ပို့စ်များအား Twitter မှ ဖယ်ရှားခဲ့ 

အိန္ဒိယနိုင်ငံအစိုးရရဲ့ COVID-19 ကပ်ရောဂါအပေါ် တုန့်ပြန်ကိုင်တွယ်ပုံများအား ဝေဖန်ထောက်ပြထားသည့် Tweet များကို Twitter မှ အိန္ဒိယနိုင်ငံအစိုးရ၏ တောင်းဆိုချက်ကြောင့် ဖယ်ရှားပေးခဲ့ရကြောင်း ဧပြီလ ၂၅ ရက်နေ့တွင် Twitter မှ ပြောကြားထားခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံရှိ သတင်းဌာနတစ်ခုဖြစ်တဲ့ MediaNama ရဲ့ သတင်းတစ်ပုဒ်အရ Twitter ဟာ ပါလီမန်လွှတ်တော်မှ အမတ်တစ်ဦး၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး၊ ဂျာနယ်လစ်ဟောင်းတစ်ဦးနဲ့ အနောက်ဘင်္ဂလားပြည်နယ်ရဲ့ အလုပ်သမားနှင့် ဥပဒေဆိုင်ရာ ဝန်ကြီးတစ်ဦးရဲ့ tweet များကို ဖယ်ရှားခဲ့ရကြောင်း သိရှိခဲ့ရပါတယ်။ 

ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ “ကျွန်ပ်တို့ထံသို့ တရားဝင်တောင်းဆိုမှုတစ်ခု ရောက်ရှိလာတဲ့အခါမှာ ထိုအရာကို Twitter ရဲ့ စည်းမျဉ်းများအရရော ဒေသခံဥပဒေများအရပါ ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ရပါတယ်။ အကယ်၍ ပါဝင်နေတဲ့ content များဟာ Twitter ရဲ့ စည်းမျဉ်းများနဲ့ ညိစွန်းနေခဲ့ပါက အဆိုပါ content ကို ကျွန်ုပ်တို့အနေနဲ့ ဝန်ဆောင်မှုမှ ဖယ်ရှားရပါတယ်။” ဟူ၍ Insider သတင်းဌာနသို့ ပြောဆိုသွားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။