Twitter released a new browser game to help explain it’s privacy settings

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.5.2022 | Twitter မှ ၎င်းတို့ရဲ့ privacy setting များကို အသိပေးရှင်းပြရာတွင် အထောက်အကူဖြစ်စေမည့် Browser game တစ်ခုကို ထုတ်လွှင့်ခဲ့ 

Twitter မှ မေလ ၁၁ ရက်နေ့တွင် ၎င်းတို့ရဲ့ privacy setting အချို့ကို အသိပေးရှင်းပြရာတွင် အထောက်အကူဖြစ်စေမည့် browser game အသစ်ကို ထုတ်လွှင့်ပေးခဲ့ပါတယ်။ ယခုအခါ သင့်အနေနဲ့ အဆိုပါ game ကို ဆော့ကစား၍ ရနိုင်ပြီဖြစ်ပြီး အဆိုပါဂိမ်းကိုတော့ Twitter Data Dash လို့ အမည်ပေးထားကြောင်း သိရှိရပါတယ်။ 

Momo Pixel မှ ပြုလုပ်ထားသည့် Twitter Data Dash ကို စတင်ဆော့ကစားသည့်အခါ သင့်အနေနဲ့ ပထမဆုံး သင်တွေ့မြင်လိုသည့် ဘာသာစကားကို ရွှေးချယ်ပြီးနောက် Data လို့အမည်ပေးထားတဲ့ ခွေးကလေးကို level တိုင်းတွင် အဖော်ပြုပေးမည့် ဇာတ်ကောင် (၄) ဦးအနက်မှ တစ်ဦးကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ 

အဆိုပါဂိမ်းရဲ့ ကစားပုံဟာ ရိုးရှင်းသော side-scrolling platformer ဂိမ်းတစ်ခုဖြစ်ပါတယ်။ Level တိုင်းမှာတော့ Twitter တွင် တွေ့မြင်နေကျအရာများကို ထည့်သွင်း၍ တန်ဆာဆင်ထားပြီး ကြော်ငြာဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသည့် ကြောင်များနှင့် Troll များကိုရှောင်ရှားပြီး အရိုး ၅ ချောင်းကို အမြန်ဆုံးစုဆောင်းရမှာဖြစ်တယ်လို့ သိရှိရပါတယ်။ အရိုးများကို စုဆောင်းရရှိတဲ့အခါ အဆိုပါဂိမ်းဟာ သက်ဆိုင်ရာ level နဲ့ ဆက်စပ်မှုရှိနေသော Twitter ရဲ့ privacy setting အချို့ ကို ရှင်းပြပေးသွားမှာဖြစ်ပြီး Twitter ရဲ့ setting များသို့ တိုက်ရိုက်သွားရောက်နိုင်မယ့် button တစ်ခုကိုလည်း ထားရှိပေးထားပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။