Twitter now opens up tipping feature globally

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.10.2021 | Twitter မှ ကမ္ဘာတစ်လွှားတွင် သူတို့ရဲ့ Tip ပေးသည့်လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ရန် ဖွင့်လှစ်လိုက်ပြီဖြစ်

Twitter မှ in-app tipping လုပ်ဆောင်ချက်ကို စတင်မိတ်ဆက်မှုပြုလုပ်ပြီး (၄) လအကြာတွင် ယခုအခါ သူတို့ရဲ့ “tip jar feature” ကို ချဲ့ထွင်မှုများပြုလုပ်၍ ကမ္ဘာတစ်ဝှမ်းရှိအသုံးပြုသူများအတွက် tip ပေး၍ရနိုင်မည့် လုပ်ဆောင်ချက်ကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်တဲ့အတွက် အသုံးပြုသူများအနေနဲ့ Bitcoin ဖြင့် tip ပေးခြင်း၊ လက်ခံခြင်းတို့ကို ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ 

Update အသစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ Twitter အသုံးပြုသူများအနေနဲ့ Venmo, Cash App, Bandcamp, GoFundMe နဲ့ PicPay ကဲ့သို့သော ဘဏ္ဍာရေး app များမှတဆင့် တစ်ဦးမှတစ်ဦးသို့ ငွေသားပေးပို့နိုင်တော့မှာဖြစ်ပါတယ်။ 

ဒါ့အပြင် United States နဲ့ El Salvador နိုင်ငံများရှိ Twitter အသုံးပြုသူများအနေနဲ့ tip များကို Bitcoin အသွင်ဖြင့် Bitcoin Lightning Network အပေါ် အခြေခံတည်ဆောက်ထားသည့် person-to-person payments app တစ်ခုဖြစ်တဲ့ Strike မှတဆင့် ပေးပို့နိုင်မှာဖြစ်ပြီး အခြားနိုင်ငံများရှိအသုံးပြုသူများအနေနဲ့ကတော့ သူတို့ရဲ့ Bitcoin address မှတဆင့် tips များကို ပေးပို့နိုင်မှာဖြစ်ကြောင်း သတင်းရရှိထားပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။