Twitter is trying to add another 100 million daily active users 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.3.2022 | Twitter မှ နောက်ထပ် နေ့စဉ်အသုံးပြုသူ သန်း ၁၀၀ ခန့်ကို ထပ်မံရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိ 

Twitter မှာ ရည်မှန်းချက်ကြီးကြီးမားမားတစ်ခု ချမှတ်ထားတာရှိနေပါတယ် - ဒါကတော့ ၂၀၂၃ ခုနှစ်အကုန်တွင် နေ့စဉ်အသုံးပြုသူ သန်း ၁၀၀ ခန့်ကို ထပ်မံရရှိနိုင်ဖို့ပါပဲ။ ဒါဟာ လက်ရှိအခြေအနေထက် နောက်ထပ် ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာဖို့မျှော်မှန်းထားတာပဲဖြစ်ပါတယ်။ 

ဒီလိုဖြစ်လာဖို့အတွက်ဆိုရင်တော့ Twitter အနေနဲ့ ယခင်နှစ်များကထက်ပိုမိုမြန်ဆန်တဲ့နှုန်းဖြင့် user များကို ရရှိနိုင်ရန် ကြိုးပမ်းရမှာဖြစ်ပြီး ထုတ်ကုန်အသစ်များကို launch ပြုလုပ်ခြင်း၊ အစီအစဉ်ဆွဲခြင်းနှင့် အသုံးပြုသူများအနေနဲ့ ၎င်းတို့ရဲ့ app ကိုပုံမှန်အသုံးပြုလာကြစေဖို့အတွက် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ 

ထိုအတွက် Twitter အနေနဲ့လည်း ၎င်းတို့ရဲ့ ခေါင်းဆောင်ပိုင်းနှင့် ဖွဲ့စည်းပုံအပိုင်းကို ပြောင်းလဲမှုများပြုလုပ်ခဲ့ပါသေးတယ် - CEO အသစ်အဖြစ် Parag Agrawal ကို နိုဝင်ဘာလတွင် ခန့်အပ်ခဲ့ပြီးနောက် လက်တလောတွင်လည်း consumer product unit ရဲ့ general manger Kayvon Beykpour အောက်တွင် consumer product leader အသစ် (၃) ဦးကို ထပ်မံခန့်အပ်မှုပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။