Twitter is testing to launch a new feature which will let users add one-time content warnings

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.12.2021 | အသုံးပြုသူများမှ One-time content warning များကို ထည့်သွင်းနိုင်စေမည့် လုပ်ဆောင်ချက်အသစ်တစ်ခုအား Twitter မှ စတင်စမ်းသပ်

Twitter မှ အသုံးပြုသူများအနေနဲ့ ၎င်းတို့ Tweet ပြုလုပ်မည့် ဓါတ်ပုံများနှင့် Video များတွင်ပါဝင်သည့် content များရဲ့အကြောင်း တိကျတဲ့သတိပေးချက်များကို ထည့်သွင်းနိုင်စေမည့် လုပ်ဆောင်ချက်အသစ်တစ်ခုကို စတင်စမ်းသပ်လျှက်ရှိနေပြီဖြစ်တယ်လို့ The Verge မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

Twitter ဟာ လက်ရှိတွင်လည်း Tweet များပေါ်တွင် content warning များကို ထည့်သွင်းနိုင်ဖို့ နည်းလမ်းရှိပြီးသား ဖြစ်သော်လည်း ဒီလိုပြုလုပ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းကတော့ သင့်ရဲ့ Tweet တိုင်းတွင် တူညီတဲ့ သတိပေးချက်တစ်ခုတည်းကို ထည့်သွင်းထားဖို့ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင်တင်လိုက်တဲ့ ဓါတ်ပုံများနှင့် Video များတွင် sensitive ဖြစ်စေမည့် content များ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ သင် setting တွင်ပြင်ဆင်ထားသည့် သတိပေးချက်များက ပါဝင်နေမှာဖြစ်ပါတယ်။ 

ယခုအသစ်ထုတ်လွှင့်သွားမည့် လုပ်ဆောင်ချက်အသစ်မှာတော့ သင့်အနေနဲ့ Tweet တစ်ခုတည်းအပေါ်တွင် သတိပေးချက်များကို one-time အနေနဲ့ ထည့်သွင်းပြီး အဆိုပါ သတိပေးချက်ပါဝင်သည့် Tweet များကို သက်ဆိုင်ရာ category တစ်ခုအောက်တွင် စုစည်းပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။