Twitter fined $150m in US for selling users' data

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.6.2022 | အမေရိကန်နိုင်ငံအတွင်း အသုံးပြုသူများရဲ့ ဒေတာအချက်အလက်များကို ရောင်းချခဲ့မှုကြောင့် Twitter ကို ကန်ဒေါ်လာ သန်း ၁၅၀ ဒါဏ်ကြေးပေးဆောင်စေခဲ့ 

အမေရိကန်နိုင်ငံအတွင်းရှိ Twitter ကုမ္ပဏီဟာ Target ads များကိုရောင်းချရာတွင် အထောက်အကူဖြစ်စေရန်အတွက် အသုံးပြုသူများရဲ့ ဒေတာအချက်အလက်များကို တရားမဝင် အသုံးချလျှက်ရှိနေတယ်လို့ ဥပဒေအရာရှိများက စွဲချက်ပြုလုပ်ခဲ့တဲ့အတွက် ဒါဏ်ကြေးအဖြစ် ကန်ဒေါ်လာ သန်း ၁၅၀ ကို ပေးဆောင်ရတော့မှာဖြစ်ပါတယ်။ 

စွဲချက်ပြုလုပ်ထားတဲ့ မှတ်တမ်းများအရ Twitter ဟာ ကိုယ်ရေးအချက်အလက်များဖြစ်တဲ့ ဖုန်းနံပါတ်များနဲ့ e-mail လိပ်စာများကို ကြော်ငြာသူများထံ ပေးအပ်ခြင်းမပြုလုပ်ရန် ကတိကဝတ်ပြုလုပ်ခဲ့ပြီး Federal Trade Comission (FTC) နှင့် Department of Justice ရဲ့ ပြောကြားချက်အရ Twitter က အဆိုပါသဘောတူညီမှုကို ဖောက်ဖျက်ခဲ့တာဖြစ်ပါတယ်။ 

Twitter ဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းမှာလည်း ဥရောပနိုင်ငံများရဲ့ GDPR data privacy စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့တဲ့အတွက် ယူရို ၄၀၀,၀၀၀ ကို ဒါဏ်ကြေးအဖြစ်ပေးဆောင်ခဲ့ရပါသေးတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။