Twitter CTO Parag Agrawal replaces Jack Dorsey as CEO

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.12.2021 | Twitter ရဲ့ CEO Jack Dorsey နေရာတွင် အစားထိုးတာဝန်ယူရန် CTO Parag Agrawal အား တာဝန်ပေးခဲ့

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် CNBC မှ ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်အရ - Twitter ရဲ့ co-founder နဲ့ CEO ဖြစ်သူ Jack Dorsey မှ သူ့ရဲ့အနားယူတော့မယ့်အချိန်ကို ကြေငြာလိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။ ကုမ္ပဏီမှ အတည်ပြုချက်တစ်ခုအရ CTO အဖြစ်တာဝန်ယူထမ်းဆောင်လျှက်ရှိတဲ့ Parag Agrawal ဟာ Jack ရဲ့အမွေကို ဆက်ခံ၍ CEO နေရာတွင် အစားထိုးတာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး Bret Taylor ကတော့ ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ chairman နေရာကို တာဝန်ယူထမ်းဆောင်သွားမှာဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။

Twitter ကုမ္ပဏီမှ တရားဝင်ပြောကြားခဲ့တဲ့ statement တစ်ခုတွင် Jack မှ “ ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာ စတင်တည်ထောင်ခဲ့သူများရဲ့ လက်အောက်မှ ထွက်ခွာနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်တဲ့အတွက် ကျွန်တော်ဟာ Twitter ကနေ အနားယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ Parag အနေနဲ့ Twitter ရဲ့ CEO နေရာတွင် အကောင်းဆုံးစွမ်းဆောင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်တာအတွင်း သူ့ရဲ့ လုပ်ဆောင်ချက်များမှ ဆောင်ကြဉ်းပေးလာနိုင်တဲ့အကျိုးကျေးဇူးများဟာ သိသိသာသာကို များပြားလှပါတယ်။ သူ့ရဲ့ ကျွမ်းကျင်မှု၊ စိတ်ပါဝင်စားစွာဆောင်ရွက်တတ်မှုတို့ကိုလည်း ကျွန်တော့်အနေနဲ့ အလွန်ကျေးဇူးတင်မိပြီး ယခုအချိန်ဟာ သူဦးစီးဆောင်ရွက်ဖို့အချိန်ရောက်လာပြီပဲဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

Jack Dorsey ဟာ ၂၀၀၈ ခုနှစ်တွင် Twitter မှ ထွက်ခွာရန် ဖိအားများပေးခံခဲ့ရပြီး ထွက်ခွာခဲ့သော်လည်း Twitter ကုမ္ပဏီသို့ CEO အနေနဲ့ ၂၀၁၅ ခုနှစ်တွင်ပြန်လည်ရောက်ရှိလာခဲ့ပြီး ဦးဆောင်မှုများကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Square ရဲ့ CEO အဖြစ်လည်း တာဝန်ထမ်းဆောင်လျှက်ရှိနေပြီး အထက်ပါကြေငြာချက်ထွက်မလာမှီညက “I love Twitter” ဟူ၍ tweet ပြုလုပ်ခဲ့သေးကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။