Twitter announced the new “super follow” feature

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.3.2021 | Twitter မှ “super follow” ဟု ခေါ်တွင်မည့် feature အသစ်ကို မိတ်ဆက်ခဲ့ 

Twitter မှ အကောင့်ပိုင်ရှင်များအနေနဲ့ အထူး content များအတွက် အခကြေးငွေရယူနိုင်စေမည့် “super follow” ဟုခေါ်တွင်သော feature အသစ်တစ်ခုအတွက် အစီအစဉ်များကို ကြေငြာချက်ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ ဒါဟာ အထူး tweet များ၊ community group တစ်ခုသို့ဝင်ရောက်ခြင်း (သို့) newsletter ရယူခြင်းကဲ့သို့သောပုံစံနဲ့ရောက်လာနိုင်ပါတယ်ဟူ၍ ဆိုထားခဲ့ပါတယ်။ 

Twitter က ဒီအစီအစဉ်ကို ရင်းနှီးမြှုပ်နှံသူများအတွက် သီးသန့်ကျင်းပခဲ့တဲ့ Online event တစ်ခုတွင် ကြေငြာခဲ့တာဖြစ်ပြီး သူတို့ဟာ ပြိုင်ဘက်လူမှုကွန်ယက်အသစ်တစ်ခုဖြစ်ပြီး audio only လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Clubhouse တွင်ရေပန်းစားနေတဲ့ အသံဖြင့် live ဆွေးနွေးခြင်းဝန်ဆောင်မှုကိုလည်း စမ်းသပ်လျှက်ရှိနေကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။ 

အဆိုပါသတင်းဟာ Twitter အသုံးပြုသူများအကြားတွင်တော့ များစွာသောတုန့်ပြန်ပုံများကို ဖြစ်ပေါ်လာစေခဲ့ပြီး လူမှုကွန်ယက်အတိုင်အပင်ခံတစ်ဦးဖြစ်သူ Matt Navarra မှ သူ့ရဲ့ follower များကို သူတို့အနေနဲ့ ကြိုက်နှစ်သက်မှုအရှိဆုံးအကောင့်များအတွက် Premium ကြေးပေးသွင်းလိုစိတ်ရှိရဲ့လားဟူ၍ မေးမြန်းကြည့်ခဲ့ရာမှာတော့ ၈၅% ခန့်က ပေးသွင်းလိုစိတ်မရှိကြောင်း ဖြေကြားခဲ့ကြပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။