Twitter announced earnings for first quarter of 2021.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.5.2021 | Twitter မှ ၂၀၂၁ ခုနှစ် ပထမ ၄ လတာ ကာလအတွက် အမြတ်ငွေရရှိမှုစာရင်းကို ကြေငြာခဲ့ 

မကြာသေးမှီက Twitter မှ ၂၀၂၁ ခုနှစ် ပထမ ၄ လတာကာလအတွက် အမြတ်ငွေရရှိမှုစာရင်းများကို ထုတ်ပြန်ကြေငြာခဲ့ပြီး ထိုအရာက လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါကာလအတွင်း Twitter တွင် မည်မျှအထိ တိုးတက်ကြီးပွားမှုများရှိလာသလဲဆိုတာကို ပြသလျှက်ရှိနေပါတယ်။ အကြမ်းဖြင်းအားဖြင့် ၂၀၂၁ ခုနှစ် ပထမ ၄ လတာကာလအတွင်း Twitter တွင် နေ့စဉ်အသုံးပြုနေသူ user ပေါင်း ၁၉၉ သန်း ရှိလာခဲ့ပါတယ်။ ယခင် ၂၀၂၀ ခုနှစ်အတွင်းက နေ့စဉ်အသုံးပြုသူဦးရေပမာဏနှင့် နှိုင်းစာလျှင် ထိုအရာက Twitter ဟာ ၂၀% ခန့် ပို၍တိုးတက်လာတာကို ပြသနေပါတယ်။ 

ဆက်လက်ဖြစ်ပွားနေဆဲ ကပ်ရောဂါကိစ္စများနဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေများစွာကြောင့် Twitter တွင်တိုးတက်မှုများရှိလာတာဟာ အံ့အားသင့်ဖွယ်ရာတော့မဟုတ်ပါဘူး။ အသုံးပြုနေသူများ ငြင်းခုန်၍ကောင်းတဲ့ ဆန့်ကျင်ဘက်အဖြစ်အပျက်များစွာရှိနေတဲ့အခါမှာ Twitter ဟာ ပို၍ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ပုံရပါတယ်။ 

အသုံးပြုသူများ တိုးတက်လာသည်နှင့်အမျှ အမြတ်ငွေများဟာလည်း တိုးတက်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ပထမ ၄ လတာကာလအတွင်း ရရှိတဲ့ အမြတ်ငွေများဟာ စုစုပေါင်း ကန်ဒေါ်လာ ၁.၀၄ ဘီလျံခန့် ရှိခဲ့ပြီး ယခင်နှစ်များနဲ့ နှိုင်းယှဉ်လိုက်ပါက ၂၈% အထိ တိုးတက်လာခဲ့ပြီး အသားတင်အမြတ်ငွေစုစုပေါင်း ကန်ဒေါ်လာ ၆၈ သန်းကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခန့်က Twitter ဟာ ကန်ဒေါ်လာ ၈ သန်းခန့် အရှုံးပေါ်ခဲ့တဲ့အတွက် ဒါဟာ သိသိသာသာကို တိုးတက်လာတာပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။