TSMC’s new Arizona chip-making plant runs into construction delays

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.2.2022 | Arizona ပြည်နယ်အတွင်းရှိ TSMC ရဲ့ chip ထုတ်လုပ်ရေးစက်ရုံတည်ဆောက်မှုတွင် နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ 

Arizona ပြည်နယ်အတွင်းရှိ TSMC ရဲ့ chip ထုတ်လုပ်ရေးစက်ရုံတည်ဆောက်မှုတွင် နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့တယ်လို့ Nikkei Asia မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

အဆိုပါ စက်ရုံတည်ဆောက်မှုလုပ်ငန်းဟာ အလုပ်သမားမလုံလောက်မှုများ၊ COVID-19 ရောဂါပြန့်ပွားမှုများနှင့် construction လိုင်စင်များရယူရာတွင် ရှုပ်ထွေးမှုများ အစရှိတဲ့ပြဿနာရပ်များကြောင့် နဂိုခန့်မှန်းထားသည့် အချိန်မှ ၃ လမှ ၆ လခန့်အထိ နှောင့်နှေးမှုဖြစ်ပေါ်ခဲ့ရတယ်လို့ သိရှိရပါတယ်။ 

အဆိုပါသတင်းအရ - နဂိုက TSMC ဟာ စက်ရုံများတည်ဆောက်ခြင်းဟာ စက်တင်ဘာလခန့်တွင် chip ပြားထုတ်လုပ်ရေး equipment များကို စတင်လည်ပတ်မှုပြုလုပ်နိုင်ရန်အထိ မျှော်မှန်းထားခဲ့သော်လည်း ယခုအခါတွင်တော့ အဆိုပါအစီအစဉ်ကို ၂၀၂၃ ခုနှစ်သို့ ရွှေ့ပြောင်းရတော့မှာပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။