TSMC got back their License to ship products to Huawei: but the situation is the same as not having one.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.10.2020 | Huawei ထံသို့ သူတို့ရဲ့ product များကို ပြန်လည်ရောင်းချနိုင်ရန်လိုင်စင်ကို TSMC က ပြန်လည်ရရှိခဲ့ သော်လည်း လိုင်စင်မရှိသည်နှင့်အလားတူသာဖြစ်နေ

Huawei ကို လက်ရှိအမေရိကန်အစိုးရရဲ့ blacklist စာရင်းထဲထည့်သွင်းလိုက်မှုကြောင့် Taiwan Semiconductor Manufacturing Company (TSMC) ကဲ့သို့သော ကုမ္ပဏီများထံမှ တင်ပို့မှုများကို ရရှိနိုင်ခြင်းမရှိတော့တဲ့အတွက် Kirin စီးရီးများကဲ့သို့သော OEM ရဲ့ custom-designed SoC များကို သူတို့ရဲ့ mobile device များအတွက် မှာယူ၍ရနိုင်တော့မှာ မဟုတ်ပါဘူး။ 

TSMC အနေနဲ့လည်း ဒီမှာယူမှုများကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတော့တဲ့အတွက်ကြောင့် ဒီတရုတ်လျှပ်စစ်ပစ္စည်းထုတ်လုပ်သူကုမ္ပဏီကြီးဟာ chipset ရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရပြီပဲဖြစ်ပါတော့တယ်။ Huawei ရဲ့ အမြင့်ပိုင်းဖုန်းများဟာ ဒီ chipset ရှားပါးမှုပြဿနာကို အများဆုံးခံစားရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ထွက်ရှိလာတော့မယ့် Mate 40 phablet များနဲ့ Mate X2 premium foldable device များဟာ နောက်ဆုံးပေါ် Kirin 9000 processor များကို အသုံးပြုထားရတာဖြစ်လို့ပါပဲ။ 

Sina.com ရဲ့ သတင်းများအရတော့ TSMC ဟာ Huawei ရဲ့ အမှာစာများကို ပြန်လည်လက်ခံ နိုင်ဖို့အတွက် လိုင်စင်ကို ပြန်လည်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရှိရပါတယ်။ သို့သော်လည်း ထိုသို့အမှာစာများကို လက်ခံရောင်းချရာတွင် TSMC အနေနဲ့ သူတို့ရဲ့ 28 nm နဲ့ ထိုထက်ပိုမိုစောစွာထွက်ရှိခဲ့တဲ့ processor များကိုသာ ရောင်းချခွင့်ရရှိမှာဖြစ်ပါတယ်။ 28 nm processor များဟာ ယနေ့ခေတ်အတွက်တွင်တော့ Tegra K1 ကဲ့သို့သော ထုတ်ကုန်များတွင်သာ အသုံးပြုနိုင်တဲ့အတွက် အတော်အတန် ခေတ်နောက်ကျနေပြီဖြစ်တဲ့ processor များဖြစ်တဲ့အတွက် ဒီသတင်းသာ အမှန်ဖြစ်ခဲ့မယ်ဆိုပါက TSMC အနေနဲ့ရော Huawei အနေနဲ့ပါ သူတို့အနေနဲ့ အမေရိကန်အစိုးရကပေးအပ်လာတဲ့ဒီအခွင့်အရေးကို လက်ခံလိုက်ရင်တောင်မှ ဘာမှ ပြောင်းလဲမှုရှိမှာမဟုတ်တဲ့အတွက် လက်ခံသွားကြမှာမဟုတ်လောက်ပါဘူး။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။