TSMC announced to use around $44 billion to increase it’s manufacturing in 2022

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.1.2022 | ၂၀၂၂ ခုနှစ်အတွင်း ထုတ်လုပ်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန် ကန်ဒေါ်လာ ၄၄ ဘီလျံခန့် အသုံးပြုသွားမည်ဟု TSMC မှ ကြေငြာ 

Apple, Qualcomm နှင့် အခြားသော နည်းပညာကုမ္ပဏီကြီးများကို ကွန်ပျူတာချစ်ပ်ပြားများ ထောက်ပံ့ပေးနေသော Chip ထုတ်လုပ်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Taiwan Semiconductor Manufacturing Company (TSMC) ဟာ ၂၀၂၂ ခုနှစ်အတွင်းတွင် ၎င်းတို့ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းများကိုတိုးချဲ့ရန်အတွက် ကန်ဒေါ်လာ ၄၄ ဘီလျံထိအသုံးပြုသွားရန် စီစဉ်ထားတယ်လို့ Reuters မှ သတင်းများအရ သိရှိရပါတယ်။ 

၎င်းတို့မှ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ latest earning release တွင် TSMC ဟာ ၎င်းတို့အနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄၀ ဘီလျံမှ ၄၄ ဘီလျံအထိ အသုံးပြုသွားမှာဖြစ်ပြီး ယခင် ၂၀၂၁ ခုနှစ်က သုံးစွဲခဲ့တဲ့ ကန်ဒေါ်လာ ဘီလျံ ၃၀ ထက် ၁၀ ဘီလျံခန့်ပိုမိုတိုးချဲ့ အသုံးပြုသွားမှာဖြစ်ပါတယ်။ 

ယခင်ကလည်း TSMC ဟာ ၂၀၂၃ ခုနှစ်အထိတွင် ထုတ်လုပ်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန်အတွက် ကန်ဒေါ်လာ စုစုပေါင်း ၁၀၀ ဘီလျံခန့်ကို အသုံးပြုသွားရန် ရည်မှန်းထားတယ်လို့ ကြေငြာချက်ပြုလုပ်ခဲ့ပါသေးတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။