Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Truth Social လို့အမည်ပေးထားတဲ့ အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ media ကုမ္ပဏီအသစ်မှ develop ပြုလုပ်ထားသော social media network ကို ယခုအခါ အမေရိကန်နိုင်ငံ iOS app store မှ တဆင့် download ပြုလုပ်၍ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
Reuters သတင်းဌာနရဲ့ သတင်းအရ Truth Social ရဲ့ iOS app ကို အမေရိကန်သမ္မတများနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မတိုင်မှီ ညသန်းခေါင်အချိန်ခန့်တွင် စတင်၍ launch ပြုလုပ်ခဲ့တာဖြစ်ပြီး Trump အနှစ်သက်ဆုံး social media platform တစ်ခုဖြစ်တဲ့ Twitter ရဲ့ ဒီဇိုင်းနှင့် နီးစပ်စွာဆင်တူမှုရှိတယ်လို့ သိရှိရပါတယ်။
မသိသေးသူများအတွက် - Trump ဟာ Twitter မှ ၂၀၂၁ ခုနှစ်အစောပိုင်းတွင် US Capitol အဆောက်အဦးကို ဆန္ဒပြသူများ စီးနင်းဝင်ရောက်ခဲ့မှုနှင့်စပ်လျင်း၍ အကြမ်းဖက်သည့်ပုံစံရောက်သောမိန့်ခွန်းများကို ပြုလုပ်ခဲ့သည့်အတွက် Twitter မှ ban ခြင်းကို ခံခဲ့ရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။