Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Blockchain ကုမ္ပဏီတစ်ခုဖြစ်တဲ့ Titanium Blockchain Infrastructure Services (TBIS) ရဲ့ CEO ဖြစ်သူ Michael Alan Stollery ဟာ လုံခြုံရေးကျိုးပေါက်မှုကို ဗန်းပြပြီး ကန်ဒေါ်လာ ၂၁ သန်းခန့် တန်ကြေးရှိသော Cryptocurrency များကို လိမ်လည်လှည့်ဖျားခဲ့ကြောင်း ဝန်ခံလိုက်ပြီဖြစ်ပါတယ်။
ထိုသူဟာ US Securities and Exchange Commission တွင် အမှန်တကယ် register ပြုလုပ်ထားခြင်းမရှိပဲ ထိုသို့ပြုလုပ်ထားသယောင်ဆောင်၍ BAR coin လို့ခေါ်တဲ့ crowdfunding token တစ်ခုရဲ့ အသေးစိတ်အချက်အလက်များကို လှည့်ဖျားပြုလုပ်ခဲ့မိကြောင်း ဝန်ခံလိုက်ပြီပဲဖြစ်ပါတယ်။
TBIS ရဲ့ ထိုသို့လိမ်လည်လှည့်ဖျားမှုဟာ ၁၀ ရာစုနှောင်းပိုင်းကာလများတွင် များစွာသော သံသယဖြစ်ဖွယ် Initial Coin Offerings (ICO) များထဲက တစ်ခုဖြစ်ပါတယ်။ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်အကြား တိုင်ကြားခဲ့မှုတစ်ခုအရ Stollery ဟာ TBIS ကို ကုမ္ပဏီအသစ်တစ်ခုအနေဖြင့် မိတ်ဆက်ပေးခဲ့ပြီး Apple, Boeing, နှင့် IBM ကဲ့သို့သော ကုမ္ပဏီများနှင့် ဆက်နွယ်ပတ်သက်မှုများရှိသည်ဟု လှည့်ဖျားခဲ့ကြောင်းကို ၎င်းလိမ်လည်ကြေငြာခဲ့တဲ့ partner ကုမ္ပဏီများက တိုင်ကြားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။